- 24 -

920 88 0
                                    

" ကျနော် oh sehun နဲ့ လုံးဝပြန်ပေါင်းမှာမဟူတ်ဘူးနော်

မေမေ ..! တရားရုံးက ကြာသင့်တာထက်ကြာနေတာလည်း

မေမေတို့ ၂ ဖက်လူကြီးတွေနဲ့ မကင်းမှန်းကျနော်သိတယ်...

သူလုပ်ခဲ့တာတွေက ခွင့်လွှတ်စရာကိုမရှိတာမို့ မေမေတို့ ကျနော့်ကို ထပ်မဖျောင်းဖျကြပါနဲ့တော့..."

Jongin ကော်ဖီခွက်ကို ချလိုက်ရင်း Sehun နဲ့ ပြန်ပေါင်းဖို့ တိုက်တွန်းသည့် breakfast ဝိုင်းကနေ ထထွက်ခဲ့လိုက်တော့သည်...

Oh sehun လုပ်ခဲ့တာတွေကို ဘယ်လိုစိတ်နဲ့မှ

ခွင့်လွှတ်လို့မရ...

အိမ်ထောင်ကျကတည်းက သူ့သဘောအတိုင်း

Jongin နေခဲ့ရတာများသလို အခုအခြေနေမှာလည်း

Jongin အတွက်လိုအပ်နေတဲ့ အရာတွေကို oh sehun က လက်ဝါးကြီးအုပ်လိုက်သေးသည်...

မနေ့က Sehun ရုံးခန်းထဲမှာဖြစ်သွားတဲ့ ကိစ္စကို

Jongin လုံးဝမကျေနပ်ပါ...

Sehun ပုံစံက Jongin ကိုအရင်လို အနိုင်ယူပြီး

လုပ် ချင်တာလူပ်နေတုန်းဘဲ...

အရေးကြီးဆုံးက

မြေကွက်ကို oh sehun လက်ထဲက မရနိုင်ဘူးဆိုတာ

အခုထိ Team ကိုမပြောရသေး...

ကျစ်...! စိတ်တိုဖို့ကောင်းလိုက်တာ...

ခြံဝန်းထဲက ခူံလေးမှာ ထိုင်နေတုန်း မောင်းဝင်လာတဲ့

ကားကြောင့် Jongin မျက်မှောင်တွေ တွန့်ကုတ်သွားရသည်...

rolls royce sweptail ..! သေချာပေါက် ဒါ oh sehun ကားပေါ့...

ဘယ်သူက ခြံတံခါးဖွင့်ပေးလိုက်တာလဲ..!!! ?

အမေရိကန်ဒေါ်လာ 13 Millions ကျော်တန်တဲ့ ကားကိုစီးပြီး ဝမ် သန်း ၂၀၀ တန်လောက်မြေကွက်ကို လုဝယ်နေတာ လူကြားလို့ မှမကောင်း...

" အိမ်ကိုဘာလာလုပ်တာလဲ...! "

Jongin တိူ့ အိမ် ဆင်ဝင်အောက်မှာ ကားကိုရပ်လိုက်တော့

Jongin အပြေးသွားလိုက်ကာ ကားထဲက ထွက်လာတဲ့ Sehun ကို မကြည်သလိုမေးလိုက်သည်....

" Behind The Sence " [ Zawgyi + Unicode]Where stories live. Discover now