- 6 -

1K 125 0
                                    


Jongin ပုံမှန် နိူးနေကြ အတိုင်း မနက် ၆ နာရီမှာ နိုးလာတော့ ဘေးမှာ sehun က အိပ်နေဆဲ...

ခါတိုင်းဆို jongin နိုးလာရင် Sehun က မနက်ခင်း လမ်းလျှောက်ထွက်သွားပြီပင်...

အခုတော့အိပ်နေတုန်း...

ညက sehun ကလည်း စိတ်ဆိုးနေတာမို့ jongin မနူှိုးတော့ဘဲ bathroom ထဲသာ ဝင်သွားလိုက်တော့သည်...

သူရယ် ကိုယ်ရယ်မှာ ရည်းစားသက်တမ်းဆိုတာကြီး မရှိခဲ့လေတော့ သူ့ကို ဘယ်လိုချော့ရမလဲဆိုတာ jongin

လည်းမသိ....

ဟူး... project လည်းမြန်မြန်ပြီးမှပါ.....

•••••••••••

Jongin မျက်နှာသစ် ရေချိူးပြီးသည်အထိ sehun မထသေးချေ.....

စားပွဲပေါ်က laptop ကို အိတ်ထဲထည့်ပြီးတော့မှ sehun အိပ်နေတဲ့ ကုတင်ဘက်ခြမ်းကို သွားလိုက်ပြီး ....

"Hun.... sehunn.... ထတော့ အလုပ်သွားရမှာမလား..."

ကလေးတစ်ယောက်လို နူှတ်ခမ်းသေးသေးလေးကို ထော်ပြီး အိပ်နေတဲ့ sehun က က အိပ်နေတဲ့အချိန်မှာတော့ တကယ်ချစ်ဖို့ကောင်းတာပါ....

Jongin နိူှးလိုက်တာကြောင် sehunရဲ့ မျက်ခူံးခပ်ထူထူ၂ခုက ကျူံ့သွားပြီး .....

"ကိုယ် ဒီနေ့မသွားဘူး... သိပ်နေမကောင်းလို့...."

Jongin ကိုပြန်ပြောတဲ့ စကားသံက အသံတွေဝင်ကာ ချောင်းဆိုးနေတာမိူ့ sehun ဖျားနေပြီမှန်း jongin သိလိုက်သည်....

Sehun နဖူးပေါ် jonginလက်တင်လိုက်တော့ အတော်ပင်ပူနေလေသည်...

ညကရေမချိူးပါနဲ့ ပြောသားနဲ့....😒

Jongin ဒီအတိူူ်င်းနေလို့ မဖြစ်တာမို့ sehun ကို ဆွဲထူပြီး....

"ထ... hun.. ဒီလိုနေလို့မရဘူး... မျက်နှာသစ် တစ်ခုခုစားပြီး ဆေးသောက်ရအောင်...."

Jongin ကအတင်းထူတာကြောင့် မထချင် ထချင်နဲ့ sehun ထလာပြီး.....

"ညက ဆေးသောက်ပြီးပြီ.... ခေါင်းတွေ ကိုက်နေလို့ အိပ်ဦးမယ်....."

"ဟော...."😒

ပြောရင်းနဲ့ အတင်းပြန်အိပ်မယ်ပြင်နေတဲ့ sehun ကို jonginပြန်ဆွဲထားပြီး....

" Behind The Sence " [ Zawgyi + Unicode]Where stories live. Discover now