Chapter 1

6.4K 211 2
                                    

Chapter 1. နှင်းလင်းယုန်နယ်မြေ

အရှင်သခင်ရွှီယင်
+++++++++++

နဂါးတောင်ပြက္ခဒိန်အရ ၉၆၁၆ ခုနှစ် ဆောင်းတွင်းကာလ...

မိုးပြာရောင်မြစ်တိုင်းပြည်...ငြိမ်သက်အေးချမ်းသောနေမင်း
ဟု အမည်ရတဲ့ နယ်ပယ်တစ်ခုရှိ ရေဓလေ့ဟု ခေါ်တွင်
သည့်မြို့တွင်....

လက်ရာသေသပ်စွာ ချုပ်လုပ်ထားတဲ့ အဝတ်ကို ဝတ်ဆင်
ထားသည့် အသက် ရ နှစ် ၈ နှစ်ပဲ ရှိသေးတဲ့ ကောင်လေး
တစ်ယောက်... သူ့၏ကျောပြင်ပေါ်မှာ အဝတ်အိတ်တစ်လုံး
ကို လွယ်ထားသည်။သူဟာ တောတန်းတွေကို ကျော်နင်း
ကာ တဟုန်ထိုးပြေးလွှားနေလေရဲ့ ..အနီရောင်သမ်းတဲ့
သူ့နှုတ်ခမ်းက အပြုံးစတွေ တွဲခိုနေပြ်ီး ပုလဲလေးလို ဖြူနုတဲ့
သူ့သွားတွေကို လှစ်ဟပြနေသကဲ့သို့ ထင်မှားစရာပဲ..

သူ့ရဲ့ ညာလက်မှာ အနက်ရောင်လှံတိုကို ကိုင်စွဲထားပြီး
တောသမင်တစ်ကောင်ကို အသည်းအသန်အမဲလိုက်နေ
သည်။ ပတ်ဝန်းကျင်တွင်လည်း သိပ်သိပ်သည်းသည်း
ကျဆင်းလျက်ရှိသည့် နှင်းပွင့်ခဲတွေကလည်း သစ်ပင်ပေါ်
က သစ်ရွက်ဝါတွေကိုတဖြုတ်ဖြုတ် သက်ခြွေပေးနေသည့်
နှယ််..ခုန်ဆင်းလို့...

" ဟုတ်ပြီး ... "
ပစ်ကွင်းကောင်းကို တွေ့သွားသည့်ထင်ရဲ့ ကောင်လေး
ဟာ လှံတိုတစ်ချောင်းကို ဆွဲမြှောက်လိုက်ပြီး ခန္ဓာကိုယ်
ကို အနောက်ဘက် အနည်းငယ် ယိုု့လိုက်ပြီး အားကို အရင်
စုလိုက်သည်။ ပြီးမှ ခန္ဓာကိုယ်မှာ ရှိသမျှအားတွေကို ညာ
ဘက်လက်မောင်းဆီကို ပို့လိုက်ပြီး လှံတိုကို အားကုန် ပစ်
လွှတ်လိုက်လေသည်။

ဝှီးခနဲ မြည်သံနဲ့အတူ လှံတိုလေးဟာ လေထုကို ဖောက်
ထွက်ပြီး အရှိန်အဟုန်နဲ့ ပြေးထွက်သွားသည်။ ပြေးထွက်
သွားတဲ့ လမ်းကြောင်းမှာ ရှိတဲ့ သစ်ရွက်အချို့ကိုပါ ထိုး
ဖောက်ပြီး မီတာ၃၀အကွာအဝေးလောက်မှာ ရှိတဲ့ တော
သမင်တစ်ကောင်၏ ဖင်ပိုင်းကို ရှရုံမျှသာ ထိမှန်သွားသည်။

လှံတိုက နှင်းပြင်လွှာပေါ် စိုက်ဝင်သွားအချိန်မှာ သမင်၏
ဖင်ပိုင်းတွင် သွေးအနည်းငယ် စို့နေပြီးဖြစ်သည်။ သမင်ဟာ
ကြောက်လန့်တကြားနဲ့ တောနက်ထဲကို အားကုန်ပြေးဝင်
သွားပြီး မြင်ကွင်းကနေ ပျောက်ကွယ်လုုလုဆဲမှာပဲ....

Lord Xue YingWhere stories live. Discover now