Chapter 33

343 41 2
                                    

#unicode
အပိုင်း (၃၃) ရွှေဒင်္ဂါး တစ်သိန်းတစ်သောင်း
နှင်းလင်းယုန်အရှင်သခင်

ထိုအခါ သခင်စစ်အန်းက ရှင်းပြလိုက်သည်။ 

" ဂုဏ်ထူးဆောင်မှူးမတ်ကြီးဘွဲ့ကို ရဖို့အတွက်က အကျိုးပြုရမှတ်ရမှတ်တွေကို စုဆောင်းရလိမ့်မယ်.. လဲလှယ်ရေးစာအုပ်ကိုသာ သေချာဖတ်ခဲ့မယ်ဆိုရင် ဂုဏ်ထူးဆောင်မှူးမတ်ကြီးဘွဲ့ရဖို့ ဘယ်လိုလုပ်ရမလဲဆိုတာ သိပြီးသား ဖြစ်လိမ့်မယ်.. အကျိုးပြုရမှတ်နဲ့ ဂုဏ်ထူးဆောင်မှူးမတ်ကြီးဘွဲ့ကို လဲလှယ်မယ်ဆိုရင် အမှတ်ပေါင်း ၂သောင်းလောက် ရှိရမယ်.. "

" ဒီနည်းလမ်းတစ်ခုပဲ ရှိတာလား.. " 

ရွှယ်ယင်သည် ထိုနည်းလမ်းကို သိပြီးသားပါ။

ဒါပေမဲ့ အကျိုးပြုရမှတ် ၂သောင်းက အလွန်ကို များပြားသည်။

ယခုတွင် သူသည် သံမဏိနက်အဆင့် အလုပ်တာဝန်တွေကိုသာ ဆောင်ရွက်ခွင့်ရှိ၍ အကျိုးပြုရမှတ်က ၁၀ ကနေ ၁၀၀ ပတ်ချာလည်လောက်သာ ရှိသည်။ အကျိုးပြုရမှတ် ၁၀၀ ပေးသည့် အလုပ်တာဝန်တွေက အန္တရာယ်လည်း များပြီ အချိန်လည်းကြာသည့် အလုပ်မျိုး ဖြစ်သည်။

အလုပ်တာဝန်တစ်ခုအတွက် အကျိုးပြုရမှတ်က ၁၀၀... ဆိုခဲ့လျှင် အကျိုးပြုရမှတ် ၂၀၀၀၀ ရရှိဖို့အတွက်က အနည်းဆုံး အလုပ်တာဝန် အခု၂၀၀ ပြီးရမည်။

တာဝန်တစ်ခုက ပြီးမြောက်ဖို့ အချိန်ကာလ ၂လပဲ လိုအပ်မည်ဆိုလျှင်တောင် သူ တစ်နှစ်ပတ်လုံး မနားဘဲ ကြိုးစားမည်ဆိုလျှင် ခြောက်ခုသာ ပြီးလိမ့်မည်။ ဒါဆိုရင် လိုချင်သော ရမှတ် ပြည့်အောင် စုရမည်ဆိုလျှင် နှစ်ပေါင်း ၃၀ ကြာြမင့်သွားလိမ့်မည်။ သို့သော်လည်း နဂါးတောင်အိမ်တော်မှ ပေးပို့လာသော သံမဏိနက်အဆင့်တာဝန်စာအုပ်တွင် ရမှတ်၁၀၀ ရသည့် အလုပ်က တစ်ခုသာ ရှိသည်။ ရမှတ် ၁၀၀ ရသည့် တာဝန်များစွာကိုလည်း သူက ဘယ်လိုမျိုးနှင့် အောင်မြင်စွာ ထမ်းဆောင်နိုင်မှာလဲ..

" နောက်ထပ်နည်းလမ်းတွေ မရှိတော့ဘူးပေါ့.. "   ရွှယ်ယင်က မေးလိုက်၏။

" စိတ်မကောင်းပါဘူး.."   သခင်စစ်အန်းက ဖြေလိုက်သည်။

" ဂုဏ်ထူးဆောင်မှူးမတ်ကြီးဘွဲ့ကို ရဖို့အတွက်က ဖြတ်လမ်း မရှိဘူး.. ဒီလောက်များပြားတဲ့ ရမှတ်တွေက တကယ့်အတွေ့အကြုံများပြီ စွမ်းအားကြီးတဲ့ ဒဏ္ဍာရီလာအဆင့် သူရဲကောင်းတစ်ယောက်လောက်မှ စုနိုင်လိမ့်မယ်.. ဒါကြောင့်လည်း ဂုဏ်ထူးဆောင်မှူးမတ်ကြီးဘွဲ့က ပိုတန်ဖိုးရှိတာပေါ့.. ဘာြဖစ်လို့လဲဆိုတော့ ဂုဏ်ထူးဆောင်မှူးမတ်ကြီးဘွဲ့ ရထားတဲ့သူတစ်ယောက်က သူ့အသက်နဲ့ရင်းပြီ ဘွဲ့ကို ရလာခဲ့သူလည်းဖြစ်ပြီ စွမ်းအားလည်းကြီးတဲ့ ဒဏ္ဍာရီလာအဆင့် သူရဲကောင်းတစ်ယောက်ပဲဆိုတာ လူတိုင်း သိနိုင်တယ်လေ.. "

Lord Xue Yingحيث تعيش القصص. اكتشف الآن