Chapter 66+67 zawgyi unicode

150 9 0
                                    



အပိုင်း ၆၆ နဲ့ ၆၇  တင်ပေးလိုက်ပါပြီ။

***

အပိုင်း ( ၆၆ )   ကြိုမမြင်နိုင်သော အခွင့်အရေး

ဟူး..
ရွှယ်ယင်၏ လှံကနေ သယ်ဆောင်လာသော အရှိန်အဝါတို့က ပြစ်ဒဏ်ခတ်သည့်အလား ကျဆင်းလာသည်ကို ရှင်းဖန်းယွင်၏ တိုက်ပွဲဝင်ဓားက ခုခံတားဆီးလိုက်သည်။

ထိုအခိုက်မှာပဲ ရွှယ်ယင်က လက်မောင်းအားကို သုံး၍ လှံရိုးကို ကွေးညွတ်အောင် လုပ်လိုက်သည်။ ထိုမှတဆင့် လှံသည် ရေထဲမှာ တိုးထွက်လာသော နဂါးကြီးတစ်ကောင်ကဲ့သို့ဖြင့်  ရှင်းဖန်ယွင်ထံ ပြန်လည် တိုးဝင်သွားသည်။ 

ရှင်းဖန်းယွင်မှာ ထိပ်တိုက် ရင်ဆိုင်ဖို့ မရဲတော့ချေ။ သူက တိုက်ပွဲဝင်ဓားကို ဝှေ့ယမ်းလိုက်ကာ အနောက်သို့ ဆုတ်လိုက်ရင်း လှံ၏ ရိုက်ချက်အားကို ခုခံ တားဆီးလိုက်သည်။

" ဘာ.. ဘယ်လိုလုပ်ပြီး သူ့ခွန်အားက ဒီလောက်အထိ အဆမတန် တိုးသွားရတာလဲ.. သူ့ရဲ့ ခွန်အား တိုးပွားချက်က တကယ်ကို ကြောက်စရာပါလား.."

ရှင်းဖန်းယွင်မှာ မယုံနိုင်အောင် ဖြစ်သွားရသည်။

" ပုံမှန်ဆိုရင် တချို့ စွမ်းအားကြီး ချီကျင့်စဥ်အချို့က လူတစ်ယောက်ရဲ့ ချီတွေကို အချိန်တစ်ခဏလောက်ကို တဟုန်ထိုး တိုးပွားစေပြီး အစွမ်းပကားကိုလည်း ကြီးမားစေတယ်လေ.. ဒါပေမဲ့ အခု သူ့ရဲ့ ခွန်အားပေါက်ကွဲတာမျိုးက အဲလိုမျိုးလည်း မဟုတ်ပါလား.. "

လူတစ်ယောက်၏ စွမ်းအား ခွန်အားကို နှစ်ဆတိုးလိုက်သည့် အဖြစ်ကား တကယ်ကို အံ့သြဖို့ ကောင်းသည်။

ထိုအဖြစ်က ဥပမာအားဖြင့် ခွန်အားချင်းမတူညီကြသည့် တပ်သားများတို့၏ အဖြစ်နှင့် တူသည်။ တပ်သားတစ်ယောက်၏ အားက ကီလို၅၀ အထိ ရှိပြီး တစ်ခြားတစ်ယောက်က ကီလို၁၀၀ အထိ ရှိနေခြင်းပင်။ ထို ကီလို၁၀၀ သမားက ကီလို၅၀သမားကို အလွယ်တကူဖြင့် တိုက်ခိုက်နိုင်သည်ဆိုတာ သိသာထင်ရှားသည်။

တကယ်၍ လူတစ်ယောက်၏ ခွန်အားက ပိုကြီးမားသွား၍ ကီလို၂၅၀၀၀အထိ ရောက်ရှိနေသော်လည်း ကီလို၅၀၀၀၀ အထိ ရှိသည့် လူနှင့် သွားနှိုင်းယှဥ်ကြည့်လျှင် ထိုနှစ်ယောက်၏ ခွန်အားကွာခြားချက်က အတော်လေး ကွာဟနေမည်ကို တွေ့ရမည်။ တကယ်၍ နှစ်ယောက်စလုံးက သိုင်းပညာတူညီနေမည်ဆိုရင်တောင် သိုင်းကွက် သုံးလေးကွက်အတွင်းမှာ အားနည်းသူဘက်က ခပ်လွယ်လွယ်လေးဖြင့် အသက်ဆုံးရှံးရပါလိမ့်မည်။

Lord Xue YingWhere stories live. Discover now