အပိုင်း ၇၄

49 7 0
                                    

အပိုင်း ( ၇၄ ) တိုက်ပွဲဒဏ်ရာ

ဂူထဲမှာပဲ ပုန်းအောင်းနေလျှင် အစာရေစာ ငတ်မွတ်ပြီး သေသွားနိုင်သည်။

သို့သော် ရွှယ်ယင်က လွတ်မြောက်ဖို့အတွက် လမ်းကြောင်းကို ရှာဖွေဖို့ ဆုံးဖြတ်ထားသည်။ နေ့လယ်အချိန် ရောက်တိုင်း သူက ဂူထဲကနေ တိတ်တိတ်လေး ခုန်ထွက်လာပြီး အသက်ရှင်ဖို့အတွက် စူးစမ်းရှာဖွေသည်။

" ရွှစ်.." ရွှယ်ယင်က အလွန်သွက်လက်ပြီး ပေါ့ပါးသည်။ လောကစွမ်းအင်၏ အကူအညီဖြင့် သူ့ လှုပ်ရှားမှုတိုင်းမှာ မည်သည့်အသံမှ မထွက်ရှိချေ။

" အဲဒီ လိုဏ်ဂူနန်းတော်ဘက်ကို မသွားသင့်ဘူး.. အဲမှာ အစောင့်အကြပ်တွေ ထူထပ်လွန်းတယ်.. အားအနည်းဆုံ ဖြစ်တဲ့ အနက်ရောက် သံချပ်ကာနဲ့ စစ်သည်တွေတောင်မှာ ရင်ဆိုင်ရ ခက်သေးတယ်.. "

ထို အနက်ရောင် သံချပ်ကာနှင့် စစ်သည်တို့က ရှင်းဖန်းယွင်ထက် ပိုသန်မာနိုင်မှန်း ရွှယ်ယင် ခန့်မှန်းလိုက်သည်။ ယခုအချိန်မှာ အနန္တဖြစ်တည်ခြင်းအဆင့်ကို ရောက်ရှိခဲ့၍ သူ့ရဲ့ တိုက်ခိုက်စွမ်းရည်က ရှင်းဖန်းယွင်ကို အလွယ်တကူ သတ်နိုင်လောက်သည့်အထိ တိုးတက်လာခဲ့ပါပြီ။ သို့သော် ထိုအနက်ရောက် သံချပ်ကာနှင့် စစ်သည်တို့ကိုတော့ အနိုင်အရှံးက ဆုံးဖြတ်ရ ခက်လှသည်။

အားအနည်းဆုံးကိုပင် နိုင်ဖို့ ခဲယဥ်းနေသေးရာ ထိုထက် ပိုသန်မာသည့် အစောင့်အကြပ်တို့ကိုတော့ ထည့်စဥ်းစားစရာပင် မလိုချေ။

ရွှစ်.. ရွှစ်..

ရွှယ်ယင်လည်း အသံမထွက်စေဘဲ တိတ်တဆိတ်ဖြင့် ရွေ့လျားလာခဲ့သည်။ လိုဏ်ဂူနန်းတော်ကို ကျောခိုင်း၍ လေနက်ချောက်ကြီးထဲက တစ်ခြားသော နေရာဆီသို့ သွားနေသည်။ တကယ်တမ်းတွင် လေနက်ချောက်ကြီးထဲက ချိုင့်ဝှမ်းသည် အတော်လေ ကျယ်ပြန့်သည်။ ၅ ကီလိုမီတာမျှ ကျယ်ပြန့်ပြီး အကျဥ်းမြောင်းဆုံး နေရာတွင် အနည်းဆုံး သုံး ကီလိုမီတာ ကျယ်သည်။

" နေရာတိုင်းမှာ ချုံပုတ်တွေ ရေညှိတွေချည်းပဲ.. ကြည့်ရတာ နှစ်တစ်သောင်းလောက်ကို ဘယ်သူမှ ရောက်မလာကြဘူး ထင်တယ်.. "

Lord Xue YingDove le storie prendono vita. Scoprilo ora