Chapter 13

767 105 1
                                    

အပိုင်း ( ၁၃ ) - မြို့ထဲသွားခြင်း

အရှင်သခင်ရွှယ်ယင်
++++++++++++

" ရေဓလေ့မြို့ထဲ သွားဖို့..? "

ကျုံးလိန်ရော ထုံစန်းပါ စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်သည်။ တုန်ပိုရွှယ်ယင်ဆီကနေ ဒီစကားကြားရဖို့ဆိုတာ အင်မတန်ကို ခဲယဉ်းလွန်းပါသည်။ အရင်တုန်းကဆိုရင် တုန်ပိုရွှယ်ယင်ကို အာရုံပြောင်းပေးဖို့က မလွယ်လှပါဘူး။ အမြဲတမ်း ပြင်းပြင်းထန်ထန်ပဲ လေ့ကျင့်နေခဲ့သည်။ ခရီးထွက်တာလည်း မရှိ၊ ရေဓလေ့မြို့ထဲကို တစ်နှစ်ကိုတစ်ခါတောင် မသေချာလှပေ။

" ရွှယ်ယင်က လက်နက်ဝယ်ဖို့ သွားမှာလား..? "
ကျုံးလိန်က ရုတ်တရက်မေးလိုက်သည်။

တုန်ပိုရွှယ်ယင်က ချက်ချင်း ပြုံးလိုက်ပြီး
" ဦးလေးသာ မပြောရင် ဒီကိစ္စကို မေ့တော့မလို့ပဲ..ဟုတ်တယ်.. ကျွန်တော် လှံအသစ်တစ်ချောင်း တကယ်လိုအပ်နေပြီး.. ဒီတစ်ခေါက် ရေဓလေ့မြို့ထဲသွားတယ်ဆိုတာကလည်း အချိန်က နှစ်သစ်ကူးခါနီးပြီး.. နှစ်သစ်ကူးရင် ကျွင်းရှိက အသက် ၁၀ နှစ်ပြည့်ပြီး.. သူ ဒီလို ဆော့နေလို့ မရတော့ဘူး... အရင်တုန်းက သူ့ကို ကတိတစ်ခုပေးထားတယ်... သူ အသက် ၁၀ နှစ်ပြည့်ရင် သူ့အတွက် မှော်ပညာသင်ပေးမဲ့ ဆရာ ရှာပေးမယ်လို့ ပြောထားတယ်.. ဒါဆို သူ စောစော လေ့လာလို့ရမှာပေါ့.."

" အင်း.. ဟုတ်တယ်.. မှော်ပညာသင်ပေးမဲ့ဆရာက အရမ်းကို အရေးကြီးတာပေါ့.. "

ကျုံးလိန်နှင့် ထုံစန်းတို့ လေးနက်စွာဖြင့် ပြောသည်။

မှော်ဆရာတစ်ယောက်ဆိုတာ အသိပညာရော အသိဥာဏ်နှင့်ပါ ပြည့်စုံရသည်။

သင်ကြားပြသပေးမည့် ဆရာသမားမရှိဘဲ ကိုယ့်ဘာသာ လေ့လာနေခြင်းက အသိပညာပြည့်ဝပြီး အမြော်အမြင်ရှိသည့် မှော်ဆရာတစ်ယောက် ဖြစ်လာဖို့က ခက်ခဲလွန်းပါသည်။ အဆင့်မြင့် မှော်ပညာရပ်တွေမှာ စိတ်ဝိဥာဏ်ပါဝင်သည်ဆိုတာ ပြောပြစရာ မလိုပါဘူး။ ဆရာသမားမရှိဘဲ အဆင်ခြင်မဲ့လုပ်ခြင်းက ထိုသူ၏ စိတ်ဝိဥာဏ်ကို ပျက်စီးစေသွားနိုင်သည်။ အချိန်လွန်သွားပါကလည်း နောင်တမှတစ်ပါး တခြားမရှိတော့။

Lord Xue YingWhere stories live. Discover now