အပိုင်း ၇၀

44 4 0
                                    


အပိုင်း ( ၇၀ ) အထွတ်အထိပ်အဆင့်တစ်ယောက်၏ တောင့်တမှု

ကောင်းကင်အမြင့်ထက်တွင် လနက်ကင်းခြေများပေါ်၌ ရှိကုန်ကြသော မှော်ဆရာကြီး ပိုင်ယွမ်ကျစ်၊ ချင်းရှီ နှင့် တစ်ခြားသူတို့သည် ရှင်းဖန်းယွင်က ကြီးမားသည့် အနက်ရောင် အကြေးခွံနှင့် သန္ဓေပြောင်း သားရဲကောင် ပုံစံ ပြောင်းလဲသွားသည်ကို ကြည့်ပြီး အံ့အားသင့်ကုန်ကြသည်။

" ဒါက သန္ဓေပြောင်း သားရဲပဲ.. တစ်ခြား သာမန် မှော်သားရဲကောင်တွေနဲ့ ကွာခြားတယ်.. ပြီးတော့ အဆင့် ၆ ရှိတဲ့ သန္ဓေပြောင်း သားရဲပဲ.. " စစ်ချန်က ထိတ်လန့်စွာဖြင့် အသက်ပြင်းချ လိုက်သည်။

" ရှင်းဖန်းယွင်က မထင်မှတ်ရဘဲ မှော်သားရဲကောင်ပုံစံ ပြောင်းလို့ ရနိုင်ပါလား.."

အနက်ရောင် အကြေးခွံနှင့် သန္ဓေပြောင်းသားရဲ၏ သုံးကြိမ်ဆက်တိုက် တိုက်ခိုက်လိုက်ခြင်းကြောင့် ရွှယ်ယင်က တကယ့်အကျပ်အတည်း အခြေအနေသို့ ဆိုက်ရောက်သွားသည်။

" မဟုတ်ဘူး.. မဟုတ်ဘူး.." ချင်းရှီက တတွက်တွက် ရေရွတ်သည်။ သူ့ ပါးပြင်တွင်လည်း မျက်ရည်တို့ စီးကျလာသည်။ " မလုပ်ပါနဲ့.."

ရွှယ်ယင်က သူ့အတွက် အရေးကြီးဆုံး အချစ်ရဆုံး လူတစ်ယောက် ဖြစ်သည်။

" ရွှယ်ယင်.." ကျုံးလိန် နှင့် ထုံစန်း တို့သည်လည်း အရမ်းကို စိတ်ပူသွားကြသည်။

" မြန်မြန် ပြေးမယ်.. မြန်မြန်.. ရဲတိုက်အရှင်သခင် သေတာနဲ့ ငါတို့ အားလုံး သေကြရလိမ့်မယ်.. "

မှော်ဆရာကြီး ပိုင်ယွမ်ကျစ်၏ မျက်နှာအမူအရာက အကြီးအကျယ် ပြောင်းလဲသွားသည်။

အနက်ရောင် အကြေးခွံနှင် သားရဲကြီး၏ အကြေးခွံ့နက် တောင်ပံကြီးကို သူ မြင်လိုက်ရသည်အခါတွင် တုန်လှုပ်ချောက်ချားလာခဲ့သည်။ လနက်ကင်းခြေများက အသံအမြန်နှုန်း၏ တစ်ဝက်လောက်နှုန်းဖြင့်သာ ပျံသန်းနိုင်ပြီး ထို သားရဲဆိုးကြီးက သူတို့ကို ကောင်းစွာ မှီနိုင်ကြောင်းကို သူ သဘောပေါက်သွားသည်။ အဆင့် ၅ ရှိသည့် သားရဲပျံသည်ပင် သူ့ရဲ့ လနက်ကင်းခြေများကို အသာလေး အမှီလိုက်နိုင်ပေသည်။

Lord Xue YingWhere stories live. Discover now