Chapter 49

112 26 0
                                    

#unicode

အပိုင်း ( ၄၉ )  ခွဲဝေခြင်းနှင့် အိမ်ပြန်ခြင်း



အမှောင်ထုထဲတွင် ကျင့်ချိုးသည် ထူးဆန်းသော ခံစားချက်ကို ခံစားနေရ၏။

အစောပိုင်းတွင် သူမသည် နတ်ဆိုးတမန်တော်၏ ဖိအားပေးမှုအောက်မှာ ရောက်ရှိခဲ့ပြီ သေဖို့အတွက်ကို ပြင်ဆင်ထားခဲ့သည်။ သို့သော် သာမန်လူတစ်ယောက် ပုံစံ ရှိသည့် ရွှယ်ယင်က ရုတ်တရက် ရောက်ရှိလာပြီ သူမကို ကယ်တင်ခဲ့သည်။ တိုက်ပွဲမှာလည်း ကြောက်မက်ဖွယ်ကောင်းသည့် ခွန်အားကို ပြသခဲ့ပြီး နတ်ဆိုးတမန်တော်ကိုလည်း သတ်ဖြတ်ခဲ့သည်။ ထို့နောက် လုဟွိုင်ရူက ကိုယ့်ကိုယ်ကို သတ်သေခြင်းနှင့်အတူ အားလုံးကို တစ်ပါတည်း ဆွဲခေါ်လိုသောကြောင့် ခန်းမကြီးကိုပါ ဖောက်ခွဲပစ်ခဲ့သည်။ ထိုအခါ စစ်ပိုင်ရုံက သူမကို ဒိုင်းအဖြစ် အသုံးချခြင်းကြောင့် သူမ၏ အသက်အန္တရာယ်က တစ်ခါ ပြန်ကျရောက်လာခဲ့သည်။

နောက်ထပ်တစ်ကြိမ် သူမ ကယ်တင်ခံလိုက်ရပြန်သည်။

ယခုတွင် သူမသည် အမှောင်ထုထဲတွင် မရေတွက်နိုင်သော ကျောက်တုံးများအောက် မြုပ်နေလျက် ရှိနေပြီ။ သူမသည် ခံစားချက် အမျိုးပေါင်းတစ်ရာမက ခံစားနေရ၏။

ဘုန်း..

ရွှယ်ယင်က လက်မောင်းအားဖြင့် ဒိုင်းကို မ၍ အပေါ်က ကျောက်တုံးများကို တွန်းထုတ်ပစ်လိုက်သည်။

" သွားစို့.. "  

ရွှယ်ယင်က ကျင့်ချိုး၏ ခါးကို ပွေ့ချီလိုက်ပြီး ခပ်ကြမ်းကြမ်း ခုန်ထွက်လိုက်သည်။ တစ်ချိန်တည်းမှာပဲ လက်ထဲက ဒိုင်းဖြင့် ပိတ်ဆို့နေသော အရာအားလုံးကို ရိုက်ချသွားလိုက်သည်။

တကယ်၍ တွေးပြီ မြင်ယောင်ကြည့်မယ်ဆိုလျှင် လက်တစ်ဖက်မှာ ချောမောလှပသော မှော်ဆရာမလေး၏ ခါးကို ပွေ့ပိုက်ထား၍ ရွှယ်ယင်အနေဖြင့် ကြည်နူးနေမည်ဟု ထင်မိပါလိမ့်မည်။ သို့သော် ကျင့်ချိုး၏ တစ်ကိုယ်လုံးကို လွှမ်းခြုံထားသည့် ရေခဲချပ်ဝတ်ကြောင့် သူမကို ထွေးပွေ့ထားရသည့် ခံစားချက်က တကယ်ကို သာမန်ဆန်လွန်းသည်။ အေးစက်ပြီး မာကျောကာ လုံးဝ သက်တောင့်သက်သာ မရှိနေပေ။

Lord Xue YingDonde viven las historias. Descúbrelo ahora