Chapter 28

305 34 9
                                    

နှင်းလင်းယုန်အရှင်သခင် ရွှယ်ယင်
အပိုင်း ( ၂၈ )  ရှကလန်ထံမှ အကျိုးပြုရမှတ်များကို ရှာဖွေခြင်း

သခင်စစ်အန်းက ဆက်လက်၍ "စီလျောင်ဟုံဆိုတာက လူသိများတဲ့ ဒဏ္ဍာရီအဆင့် မှော်ဆရာမပဲ.. အသက်က  နှစ်ပေါင်း ၅၀၀ လောက် ရှိနေပါပြီး.. ပုံမှန်လူ တစ်ယောက်က အများဆုံး နှစ်ပေါင်း ၂၀၀ လောက်ပဲ အသက်ရှည်မှာပါ.. ဒါပေမဲ့ သွေးနတ်ဆိုးအဖြစ် ပြောင်းလဲသွားလို့ စီလျောင်ဟုံက ဒီလောက်အထိ အသက်ရှည်သွားခဲ့တာပဲ.. ဒီမြေခွေးမက ရာစုနှစ် ၅ ခုအထိ အသက်ရှည်ခဲ့လို့ သူ့ရဲ့စွမ်းအားကလည်း ခန့်မှန်းလို့ မရလောက်အောင် ရှိလာခဲ့တယ်.. သူနေထိုင်တဲ့ သွေးနတ်ဆိုးမျှော်စင်မှာဆိုရင် လက်တွေ့စမ်းထားတဲ့ ထောင်ချောက်တွေက အထွတ်အထိပ်အဆင့် တစ်ယောက်ကိုတောင် လွတ်မြောက် မသွားအောင် ဖမ်းထားနိုင်တယ်.."

"စစ်ကလန်..   အဇူရီမြစ်စီရင်စု နယ်မြေမှာ အရမ်းကို ဂုဏ်သိက္ခာ ကြီးမားတဲ့ မျိုးနွယ်မိသားစု တစ်ခုပေါ့.. အဇူရီမြစ်စီရင်စု နယ်မြေက စီရင်စု တရားသူကြီးတွေ.. စီရင်စုနယ်ထဲက မြို့တွေရဲ့ စစ်တပ် ဗိုလ်ချုပ်တွေ.. ပြီးတော့ ရီရွှေမြို့တို့လို လေထန်မြို့တို့လို အစရှိတဲ့ မြို့ငယ်တွေက မြို့စားတွေဟာ စစ်ကလန်က လူတွေချည်းပဲ.. စီရင်စုနယ်ထဲက မြို့တွေထဲမှာ ဆယ်ပုံ ကိုးပုံက‌တော့ စစ်ကလန်က လူတွေကပဲ အုပ်ချုပ်ကြတယ်.. ပြီးတော့ အဇူရီမြစ်စီရင်စု နယ်မြေမှာလည်း ဂုဏ်ရှိန် ကြီးမားတဲ့ ရာထူးတွေ နေရာတွ တော်တော်များများကိုလည်း သူတို့ကပဲ ရယူထားကြတယ်လေ.. "

"နောက်တစ်မျိုး ပြောရမယ်ဆိုရင် အဇူရီမြစ် စီရင်စုနယ်မြေမှာ စစ်ကလန်က သူတို့ ကြိုက်သလိုမျိုး အခြေအနေတွေ အေးအေးဆေးဆေး ပြောင်းပြန် လှန်ပစ်လိုက်လို့ ရတယ်.."

စစ်အန်းက တည်ငြိမ်စွာဖြင့် ရှင်းပြလိုက်ပါသည်။ 

ရွှယ်ယင်မှာ အံ့သြသွားခြင်းကြောင့် ပင့်သက်ရှိုက် လိုက်သည်။  

"စီရင်စုနယ် တရားသူကြီးတွေ.. စစ်တပ် ဗိုလ်ချုပ်တွေ နောက်ပြီး မြို့စားတွေ.. အရေးကြီးပြီး များပြားတဲ့ ရာထူးနေရာတွေက စစ်ကလန်ကပဲ ယူထားလို့ပါလား.."

Lord Xue YingWhere stories live. Discover now