Chapter 48

104 20 0
                                    

#unicode
အပိုင်း ( ၄၈ )   မင်း.. အဆင်ပြေရဲ့လား





နတ်ဆိုးနောက်လိုက်ခေါင်းဆောင် ဖြစ်ဖို့ဆိုတာ သေချာပေါက် ရူးသွပ်စွာ ယုံကြည်သူမှ ဖြစ်နိုင်မည်။

နတ်ဆိုးနှင့် မိစ္ဆာတို့မှာ အရင်ကတည်းက ရှကလန်ထဲကို စိမ့်ဝင်ပူးသတ်ဖို့ နည်းလမ်း များ ရှာတွေ့ခဲ့ရှိကြသည်။ သူတို့ကို လုံးဝ အမြစ်ဖြတ် သုတ်သင်၍ မရနိုင်ခဲ့ပေ။ ယနေ့တိုင် ရှိနေဆဲပင်။

သူတို့တွင် အစွမ်းထက်သည့် သိုင်းပညာရပ်များ ဥပမာအားဖြင့် နတ်ဆိုးဘုရား၏ ကျိန်စာ၊ အချိန်နှင့်နေရာကို ချုပ်ကိုင်မှု၊ တစ်ခြားသော နည်းလမ်းများစွာ ရှိသည်။ သူတို့အား လုံးဝ ယုံကြည်သည့် အမာခံယုံကြည်သူတွေကို  ထိုအရာများ လုံးဝ အသုံးပြုခွင့်ပေးထားသည်။ သူတို့ စကားကို နားထောင်ဖို့အတွက် သူတို့၏ အသက်ဝိညာဥ်များကို နတ်ဆိုးဘုရားနန်းတော်ထဲတွင် ထားရှိရသည်။ သေသည်ဖြစ်စေ.. ရှင်သည်ဖြစ်စေ.. နတ်ဆိုးဘုရားအတွက် ထာဝရ အမှုထမ်းကြရသည်။

"မကောင်းတော့ဘူး"

အဝေးမှာ ရှိနေသည့် လုဟွိင်ရူ၏ ရူးနှမ်းသွားသလို ဖြစ်နေသော အမူအရာကို ကြည့်ကာ ရွှယ်ယင်၏ မျက်နှာအမူအရာက ပြောင်းလဲသွားခဲ့၏။

ဘုန်း..

ခန်းမကြီး၏ အောက်ခင်းကြမ်းပြင်သည် ရုတ်တရက် အပေါ်သို့ စူထွက်လာသည်။ ချက်ချင်းဆိုသလို ကြမ်းခင်းအလွှာမှာ လုံးဝ ပေါက်ကွဲထွက်သွားသည်။ ခန်းမကြီး၏ တိုင်လုံးကြီးများကလည်း ကွဲအက်ကုန်ကာ တစ်တိုင်ပြီ တစ်တိုင် ပေါက်ကွဲကုန်သည်။

ခန်းမကြီး၏ ထောင့်တွင် ပုန်းနေသည့် ကျင့်ချိုးနှင့် စစ်ပိုင်ရုံတို့၏ မျက်နှာမှာ ဖြူဖျော့သွားသည်။

ဒုန်း.. ဒုန်း..ဒုန်း..

ကျင့်ချိုးမှာ စွမ်းအားကောင်းသော မန္တန်များကို မန်းမှုတ်ဖို့က နောက်ကျသွားလေပြီ။ အကာအကွယ်ပြုဖို့အတွက် အစွမ်းအားနည်းသည့် မန္တန်တချို့လောက်ကိုသာ ဆင့်ခေါ်လိုက်ရသည်။ လတ်တလောတွင် သူမ ကိုယ်ပေါ်တွင် ရှိနေသည့် ရေခဲချပ်ဝတ်သည်ကာ အကောင်းဆုံး ဖြစ်နေ၏။ သို့ပေမဲ့ ထိုရေခဲချပ်ဝတ်က ငွေလအဆင့်၏ တိုက်ခိုက်မှုကို အချိန်တစ်ခဏသာ ကာကွယ်ပေးနိုင်သည်။

Lord Xue YingOpowieści tętniące życiem. Odkryj je teraz