Chapter 11

756 111 2
                                    

Chapter 11.   ကြီးမြတ်သော ခွန်အား

အရှင်သခင်ရွှီယင်
+++++++++

" မင်း..မင်း.. "

ခြင်္သေ့လူကြီး ထုံစန်းသည် မှော်တောင်ရိုင်းကောင်လုံးကင်၏ အကြွင်းအကျန် အရိုးချောင်းကြီးကို မယုံနိုင်စွာ ကြည့်ပြီး

" ရွှီယင်.. အသားတွေကို လှီးထုတ်ပြီး ဖွက်ထားတယ်မလား.. ပြောစမ်း.. ဘယ်မှာ ဖွက်ထားတာလဲ.. "

ထုံစန်းသည် ထမင်းစားခန်း၏ ထောင့်နေရာများမှာပင်မကျန် စတင် ရှာဖွေကြည့်လိုက်သည်။ ကြမ်းခင်းမှာပင် ဒူးထောက်ပြီးတော့ စားပွဲအောက် .. ဗီရိုအောက်တွေမှာ အောက်ငုံ့ပြီး လိုက်ကြည့်လေသည်။

" ဦးလေးထုံ.. ကျွန်တော်အကုန်စားလိုက်ပါပြီးဆိုမှ.. "
ရွှီယင်သည် သူပြောတာကို ယုံကြည်စေရန် ကြိုးစားလိုက်သည်။

" မင်း တကယ်ကြီးကို အကုန်လုံးစားပစ်လိုက်တာလား.. အဲ့ဒီကောင်က ကီလို ၅၀၀၀ တောင်ကျော်တာနော်.. မင်း ကိုယ်လုံးက သေးသေးလေး... အဲဒါကိုတောင် အကုန်စားပစ်လိုက်တယ်..?? "

ထုံစန်းသည် ရွှီယင်ကို ငေးကြည့်လို့နေသည်။
" ငါ ဘယ်လိုလုပ်ယုံလို့ ရမှာလဲဟ. မင်းတစ်ယောက်တည်း မပြောနဲ့... သူရဲကောင်းတစ်ယောက်တောင် ကီလို ၅၀၀၀ လောက်ရှိတဲ့ အသားကို တစ်ခါတည်း အပြီး မစားနိုင်ဘူးကွ.. "

ရွှီယင် ဘာပြောရမှန်းမသိ ဖြစ်သွားသည်။
ဒီကိစ္စသည် သူ ပထမဆုံး ကြုံတွေ့လိုက်ရသည့်  ဇီဝဆိုင်ရာခုန်ကျော်ခြင်း ဖြစ်ပြီး သူ့၏ ဆဲလ်ကလာပ်စည်းတိုင်းမှာလည်း စွမ်းအင်တွေကို အငမ်းမရ တောင့်တလာခဲ့ကြသည်။ ဒါဟာ သူ ဘာကြောင့် အများကြီးစားချင်ရသလဲဆိုတာ အဖြေ ဖြစ်သည်။ တကယ်၍ သူ ဒီလိုမျိုး ပြန်စားချင်ခဲ့မယ်ဆိုရင်တောင် နောက်ထပ် သူ အများကြီး စားနိုင်မှာ မဟုတ်တော့ပါဘူး။

" ဦးလေးထုံ.. ဒီမှာ ကြည့်.. "
ရွှီယင်သည် သူ့အနားမှာ ရှိနေသည့် ငွေပန်းကန်ပြားတစ်ခုကို ကောက်ယူလိုက်ပြီး ချက်ချင်းပဲ ဖျစ်ညှစ်လိုက်ရာ ငွေပန်းကန်ပြားမှာ ရုတ်ချည်းပင် ပိန်လိမ်သွားလေသည်။ လက်နှစ်ဖက်ကို အားစိုက်ပြီး ဖိသိပ်လိုက်ရာ သူ့လက်ပေါ်တွင် သတ္တုလုံးတစ်လုံးလို ဖြစ်သွားသည်။

Lord Xue YingWhere stories live. Discover now