Chapter 6

801 87 1
                                    

Chapter 6 - ကျင့်ကြံခြင်း

အရှင်သခင်ရွှီယင်
+++++++++++

လှံဖြင့် လေ့ကျင့်ခြင်း အကြိမ် ၁၅၀၀ ပြီးဆုံးသွားပြီးနောက်
ရွှီယင် မှာ ချွေးတွေနှင့် စိုရွှဲနေပါပြီ။ သူ့၏ ညာလက်ကို
လည်း ကောင်းမွန်စွာ မခံစားနိုင်တော့ချေ။ ပြီးတော့ လက်
ကို လှုပ်ရင်တောင် ထုံကျင်နေသည်။ သူ့ရဲ့ စိတ်ဆန္ဒတစ်ခု
တည်းသက်သက်သာ အကြိမ် ၁၅၀၀ ပြည့်အောင် လုပ်
ဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။

" ရေ.. ရေ.. "
ရွှီယင် အက်ကွဲနေသောအသံဖြင့် ရေတောင်းလိုက်သည်။

" သခင်.. ဒီမှာ ရေ.. "
ဘေးနားမှာ ရပ်ပြီး သခင်ဖြစ်သူ၏ ကြမ်းတမ်းမှုအပြည့်နဲ့
လေ့ကျင့်နေတာကို စောင့်ကြည့်နေသော အစေခံက
ရေနှင့်အတူ ပြေးလာသည်။

ရှုရင် ရေခွက်အပြည့်ကို ဘယ်လက်နဲ့သာ ယူနိုင်ပြီ တခါ
တည်း မော့သောက်ပစ်လိုက်သည်။

ထို့နောက် သိပ်မကြာခင်မှာပဲ.. [ မီးလျှံသုံးဆင့်ကျင့်စဉ် ]
ကို ပြန်လေ့ကျင့်လိုက်သည်။

ဒိုချီစွမ်းအားကို လေ့ကျင့်သည့်အချိန်တွင် ခန္ဓာကိုယ်
အတွင်းရှိ ကြွက်သားနှင့် အရိုးများက တရိုးရိုး တရွရွ ယား
ယံလာလေသည်။ အများဆုံး ဖြစ်ပေါ်သည့်နေရာက ညာ
လက်မောင်းနှင့် လက်နေရာတွင် ဖြစ်သည်။ ဒါဟာ ဒီနေ့
လေ့ကျင့်ခြင်းမှ ရရှိလာခဲ့သည့်ကောင်းကင်နှင့် မြေကြီး
တို့၏ ထူးခြားသည့် စွမ်းအင်တွေကသူ့၏ ညာလက်မောင်း
နှင့် လက်နေရာဆီကို တရစပ် စူးနစ်ဝင်နေသည်။ ခန္ဓာ
ကိုယ်က မောဟိုက်ပင်ပန်းလေ  ချီကျင့်ကြံမှုက အစွမ်း
ထက်လာလေပင်..။ ဒါပေမဲ့ ပြိုလဲသည့်အထိတော့ မော
ဟိုက်ပင်ပန်းတဲ့အထိတော့ မလေ့ကျင့်သင့်ချေ။  ယခု
တုန်ပိုရွှီယင် လေ့ကျင့်သည့် ပုံစံမှာ သည် ပုံမှန်လူတစ်
ယောက်ကို ဆယ်ရက်အတွင်း ဒုက္ခရောက်သွားစေနိုင်
သည်။ သို့ပေမဲ့ ရွှီယင် အတွက်မူ ဈေးကြီးလှသည့် ဆေး
ရည်ချိုးကန်ကို နေ့တိုင်းသုံးနိုင်၍ ပြဿနာသိပ်မရှိလှချေ။ 
ဤဆေးရည်ချိုးကန်ကို တစ်နှစ်လောက် အသုံးပြုမည်ဆို
ရင် တော်ဝင်မိသားစု တော်တော်များများကိုပင် မွဲပြာကျ
သွားစေနိုင်လောက်သည်။

Lord Xue YingWhere stories live. Discover now