Chapter 52

120 23 0
                                    

#unicode
အပိုင်း ( ၅၂ ) ချင်းရှီ၏ အတွေးများ

" တုန်ပိုကလန်ရဲ့ အမွေဆက်ခံသူတစ်ယောက်အနေနဲ့ အမွေတွေ မခွဲဝေခံထိတာက ရသေးတယ်. ဒါပေမဲ့ အနည်းဆုံးတော့ အမွေတွေက ဘယ်လောက် ရှိနေမှန်းတော့ ရှင်လည်း သိသင့်တယ်လေ.. "

ဂျိရုံက ခေါင်းကို ခါယမ်းကာ ပြောလိုက်သည်။

" တကယ်လို့ ရှင်တစ်ခုမှ မသိနေရင် ကျွန်မက ကြားထဲကနေ လူဆိုး ဖြစ်နေပြီပေါ့.. ဒါပေမဲ့ ရှင့်ကိုယ်ရှင် မထိခိုက်အောင် ဘယ်လို ကာကွယ်ရမလဲဆိုတာကိုတော့ သိသင့်တယ်.."

" တော်ပြီ .. ဘာမှ ထပ်မပြောနဲ့တော့.. "  ချင်းရှီက ဒေါသတကြီး ဖြစ်လာခဲ့သည်။

" ငါနဲ့ အစ်ကိုကြီး ကြားထဲက ကိစ္စ ဘာတစ်ခုကိုမှ မင်း မသိဘူး.."

" ဒါဆိုလည်း ရှင့်အစ်ကိုကြီးက ရှင့်ကို ကလန်ကနေ ကန်ထုတ်ပစ်မယ့် အချိန်ကို စောင့်နေလိုက်ပေါ့.. အဲအခါကျမှ ရှင် အံ့သြနေလိမ့်မယ်.." 

ဂျိရုံက ဆက်လက်ပြီ သူမခေါင်းကို ခါယမ်းနေလိုက်သည်။

" နင်.. ပါးစပ် ပိတ်လိုက်.."  ချင်းရှီ၏ မျက်လုံးတို့က ဒေါသကြောင့် နီရဲတက်လာသည်။ မျက်ရည်စတို့ပင် ထွက်ရှိလာသည်။

" သူက ငါ့အစ်ကိုကြီး.. ငါ့ဘဝမှာ အရေးကြီးဆုံးလူပဲ.. နင်သိလား.."

ဂျိရုံမှာ တုန်လှုပ်ချောက်ချားသွားသည်။

ချင်းရှီ၏ မျက်လုံးက နီရဲသွားသည်ကို မြင်သည့်အခါ သူမက ခေါင်းကို ငုံ့၍ သူ့လက်ကို ဖမ်းဆုပ်ထားလိုက်သည။

" တောင်းပန်ပါတယ်.. ကျွန်မ မှားသွားတယ်.."

" ငါနဲ့ အစ်ကိုကြီးတို့ ကြားထဲက ဆက်ဆံရေးကို နင် ဘာတစ်ခုမှ မသိနေဘူး.. နောက်တစ်ကြိမ် အဓိပ္ပါယ် မရှိတာတွေကို မပြောနဲ့တော့.. ဒါတွေ နားထောင်ရတာ ငါ စိတ်မထိန်းနိုင်ဘူး.."

ချင်းရှီက လှုပ်ခါနေသည့် အသံဖြင့် ပြောလိုက်သည်။

" အင်း.. အင်.."   ဂျိရုံက ခေါင်းညိတ်လိုက်ပြီ သူ့ကို ပြန်နှစ်သိမ့်ပေးလိုက်သည်။

" ရှင် သိတယ်မလား.. အဲဒီနှစ်တုန်းက ငါ့အဖေကို ဦးလေးက အိမ်ကနေ ထွက်သွားခိုင်းတာ.. နေစရာအိမ်တောင် မရှိခဲ့ဘူး.. ငါ့အမေရဲ့ မိသားစုအိမ်မှာ နေခဲ့ရတာ.. ငါရယ်.. အဖေရယ် အမေတို့ကို လူတွေက အထင်သေးခဲ့တယ်လေ.. ဒါက ငါ့ဘဝရဲ့ နာကျင်စရာ အစိတ်အပိုင်းပဲ.. ငါ ဘယ်တော့မှ မေ့နိုင်ခဲ့ဘူး.. ကံကောင်းစွာနဲ့ အဖေက စီးပွားရေးတစ်ခု ပြန်စနိုင်ခဲ့တယ်.. အဲဒါကြောင့် မဟုတ်ရင် ငါလည်း ဒီမှာ မှော်ပညာလေ့လာဖို့ ရှိနေမှာ မဟုတ်ဘူး.."

Lord Xue YingWhere stories live. Discover now