Chapter 7

791 99 0
                                    

Chapter 7 - အဆုံးမဲ့လေ သူရဲကောင်း

အရှင်သခင်ရွှီယင်
+++++++++++

အခန်းအတွင်းမှာ ဖြစ်သည်။
ရွှီယင် ပြေးလာခဲ့ပြီတော့ အိပ်ယာမှာ လှဲနေသည့် ကျုံးလိန်
ကို လာတွေ့ခြင်းဖြစ်သည်။ ထုံစန်းကတော့ ဘေးနားက
ထိုင်ခုံတစ်ခုမှာ ထိုင်နေသည်။

" ဦးလေးကျုံး အဆင်ပြေရဲ့လား.. "
ရွှီယင် သေချာစွာ ဂရုတစိုက်ကြည့်လိုက်သည်။ ဦးလေကျုံး
က ဝတ်ရုံအဖြူကို ပြောင်းလဲဝတ်ဆင်ထားသည်။ ဒဏ်ရာ
ဒဏ်ချက် တစ်စုံတစ်ရာ မတွေ့ပေမဲ့ သူ့မျက်နှာမှာတော့
ဖြူရော်နေသည်။

ကျုံးလိန်က ပြုံးပြီ ပြောလိုက်သည်။
" ဓားကောက်အဖွဲ့ရဲ့ ခေါင်းဆောင်က အတော်ကို ရင်ဆိုင်
ရခက်တဲ့ ရန်သူပဲ.. ငါ့ခန္ဓာကိုယ်ကို ကာကွယ်ဖို့ ရွှေချပ်ဝတ်
ကိုသာ မဝတ်ထားရင်း အင်း.. ငါ မတားဆီးနိုင်မှာတောင်
ကြောက်နေမိတယ်..အဟွတ် အဟွတ် အဟွတ်.. "
ကျုံးလိန် စကားပြောနေရင်း ချောင်း တဟွတ်ဟွတ်ဆိုးလာ
၍ ပါးစပ်ကို ဘေးနားရှိ လက်ကိုင်ပုဝါဖြင့် အုပ်လိုက်သည်။
လက်ကိုင်ပုဝါဖြူမှာ ချက်ချင်း နီရဲသွားပြီး သွေးတွေပင်
ယိုစီးကျလာသည်။

တုန်ပိုရွှီယင် နှလုံးသားမှာ တဆတ်ဆတ်တုန်သွားပြီ
ကျုံးလိန်ကို ကြည့်ရင်း " သွေးအန်နေတာပဲ.. အတွင်း
ဒဏ်ရာ ရသွားတာလား..?? " ဟု စိတ်ထဲ ထင့်ခနဲ ဖြစ်
သွားသည်။

" ဦးလေးကျုံး.. "
တုန်ပိုရွှီယင် အိပ်ရာဘေးနားကို ထိုင်လိုက်သည်။

" ဘာမှ မဖြစ်ပါဘူး .. ငါမသေပါဘူး.. "
ကျုံးလိန် လက်ကိုင်ပုဝါကို ဘေးရှိ ဇလုံးထဲ ပစ်ထည့်လိုက်
သည်။ ထို့နောက် ပြုံးလိုက်ကာ " ဒီဒဏ်ရာသေးသေးက
ဘာမှ မဖြစ်ပါဘူး.. ဒီထက်ပြင်းထန်တဲ့ ဒဏ်ရာတွေ
အများကြီး ခံလာခဲ့ဖူးတာပဲ.. မင်းအဖေနဲ့ ဦးလေးထုံတို့နဲ့
အပြင်လောကမှာ ကျင်လည်ခဲ့စဉ်အခါတုန်းကပေါ့.. "

" ရွှီယင်.. စိတ်အေးအေးထား.. မင်းဦးလေးက ခန္ဓာကိုယ်
က လက်မောင်းခြောက်ခု မြွေနတ်ဆိုးရဲ့ခန္ဓာကိုယ် ဖြစ်နေ
လို့ ဒီဒဏ်ရာက တစ်လ နှစ်လအတွင်းမှာပဲ တစ်စစ ပြန်
သက်သာသွားလိမ့်မယ်.."

Lord Xue YingWhere stories live. Discover now