အပိုင်း ၇၂

27 7 0
                                    


         အပိုင်း ( ၇၂ ) ဆင်းသက်ခြင်း

ချောက်နက်ကြီးထဲ ကျဆင်းနေရင်း ထိုအနက်ရောင်လေပြင်းများကြားတွင် ပုံရိပ်များစွာကို မြင်လာရသည်။ တချို့ပုံရိပ်တွေသည် အကောင်အထည် ကြီးမားပြီး တချို့ပုံရိပ်တွေက သာမန်လူတစ်ယောက်၏ ပုံရိပ်ကဲ့သို့ ရှိသည်။ ထို့အတူ ယင်းပုံရိပ်မှ ဖိနှိပ်လာသည့် မမြင်ရသော အင်အားတို့ကလည်း အနည်းအများ ရှိလေသည်။ အားအကောင်းဆုံး ဖိနှိအား ဆိုရင်လည်း သူ့အား အကြည့်တစ်ချက်နဲ့တင် သတ်၍ ရနိုင်မှန်း ရွှယ်ယင် ခံစားမိသည်။ အားအနည်းဆုံး ဖိနှိပ်အားမှာ အထွတ်အထိပ်အဆင့်၏ အနည်းဆုံး အင်အားအထိ ရှိသည်။ ထိုခံစားချက်များကြောင့် ရွှယ်ယင်၏ ရင်ထဲတွင် တင်းကြပ်စွာ ခံစားလာရသည်။

ဤ ချောက်နက်ကြီးထဲ စတင် ပြုတ်ကျလာစဥ်က သေချာပေါက် ပြန်ထွက်လာခဲ့မည်ဟု ကတိပေးခဲ့သည်။ သူ့ညီလေးအတွက် မျှော်လင့်ချက်တစ်ခု ပေးလိုခြင်းနှင့် သူကိုယ်တိုင် အသက်ရှင်ဖို့အတွက် တွန်းအားပေးလိုခြင်းအတွက် သူ ကတိပေးခဲ့သည်။ သို့သော် အခုချိန်မှာ အသက်ရှင်သန်ဖို့က စိန်ခေါ်မှု ကြီးမားနေမှန်း သူ သဘောပေါက်ခဲ့သည်။

" ဘာဖြစ်ဖြစ်.. ငါ တစ်ဆင့်ပြီး တစ်ဆင့် လုပ်ရမယ်.."

ရွှယ်ယင်၏ ဆုံးဖြတ်ချက် ခိုင်မာသွားသည်။ " အရင်ဦးဆုံး ပြုတ်ကျနေတာကို ရပ်တန့်ဖို့ ငါ နည်းလမ်း ရှာရဦးမယ်.. "

ရွှယ်ယင်၏ လက်နှစ်ဖက်ကလည်း ကြီးမားသည့် အတောင်ပံကြီးကို ဆွဲဖြန့်ထားသည့် အတောင်ပံရိုးကို မြဲမြဲ ကိုင်ထားသည်။ သူ့ ခန္ဓာကိုယ်ကို တိုးဝင်နေသည့် လေပြင်းအားတို့က တကယ်ကို ကြမ်းတမ်း၍ ပြင်းထန်လှသည်။ ရွှယ်ယင်လည်း သူ ပြုတ်ကျလာသည့် အရှိန်နှုန်းကို အကြေးခွံအတောင်ပံကြီးဖြင့် အစွမ်းကုန် လျှော့ချနိုင်ဖို့ ကြိုးစားလေသည်။

" ဒါပေမဲ့ မြန်နေတုန်းပဲဟ.. မြန်နေသေးတယ်.. "

ရွှယ်ယင် ပြုတ်ကျလာသည့် အရှိန်နှုန်းက မြန်နေဆဲပင်။ " ဒီအတိုင်းဆို ငါလည်း အောက်ရောက်ရင် သေမှာပဲ.. "

Lord Xue YingWhere stories live. Discover now