Chapter ( 16 )

849 87 11
                                    

အပိုင်း ( ၁၆ ) - ပျက်သုဉ်းခြင်းတောင်တန်း

အရှင်သခင်ရွှယ်ယင်
++++++++++++

ညအချိန်....

နှင်းလင်းယုန်နယ်မြေ.. နှင်းကျောက်ဆောင်ရဲတိုက်ရှိ စာဖတ်ခန်းတွင်..

တုန်ပိုရွှယ်ယင်သည် စာပွဲခုံတစ်ခုတွင်ထိုင်နေသည်။ ဘေးနားတွင်လည်း ကျုံးလိန်နှင့် ထုံစန်းတို့သည်လည်း နီးကပ်စွာ ထိုင်နေ၏။

" ရွှယ်ယင်.. နင် ငါတို့ကို ခေါ်လိုက်တာက ဘာကိစ္စများလဲ..? "

ထုံစန်းက မေးလိုက်သည်။ သူ့ပုံစံမှာ အနည်းငယ် အဖြေရှာမရသည့်ပုံစံ ဖြစ်နေသည်။

" ဒီနေ့ မှော်ဆရာကြီးဆီကို ရောက်ခဲ့တယ်.. ကျွင်းရှိကို တပည့်အရင်းအဖြစ် လက်ခံဖို့ ပြောတာကို သဘောတူခဲ့တယ်.. ဒါပေမဲ့ သူက တောင်းဆိုချက်နှစ်ခုကို ပြောပြခဲ့တယ်.. သူ့ဆီကို ဆေးလ်ဗားမွန်းဝံပုလွေ ဘုရင်ရဲ့ နှလုံးကို ယူလာနိုင်ရင်ယူလာခဲ့ ဒါမှမဟုတ်ရင် ရွှေဒင်္ဂါး ၅သောင်းကို ယူလာခဲ့ရမယ်.. အဲဒီ တောင်းဆိုချက်နှစ်ခုထဲက ဘယ်တစ်ခုကိုမဆို ကျေနပ်အောင် လုပ်ပေးနိုင်ရင် သူက ကျွင်းရှိကို လက်ခံပေးမယ်... "

ဟု ရွှယ်ယင်က စတင်ပြောပြလိုက်သည်။

" ရွှေဒင်္ဂါး ၅ သောင်း..? "

ထုံစန်းက မျက်မှောင်ကြုတ်၍ မြည်တမ်းမိသည်။

" တော်တော်ဆိုးဝါးတဲ့လူပါလား.. မင်းရဲ့မိဘနဲ့ ဦးလေးကျုံးတို့ ငါတို့က အကြိမ်ပေါင်းများစွာ ဘဝနဲ့ ရင်းခဲ့ရပေမဲ့ ရတနာပစ္စည်းနည်းနည်းလေးပဲ ရရှိခဲ့ကြတယ်.. မင်းအမေ ကိုယ်ဝန်ရပြီးနောက်ပိုင်းမှာ ပွပေါက်တစ်ခုနဲ့ သာ မကြုံခဲ့ဘူးဆိုရင် မင်းအဖေက ဘယ်လိုလုပ်ပြီး သူကောင်းဘွဲ့တစ်ခု နဲ့ နှင်းလင်းယုန်နယ်မြေကို ဝယ်နိုင်မှာလဲ..ဒါကိုတောင်မှ မှော်ဆရာကြီးက ရွှေဒင်္ဂါး ၅ သောင်းကို ဘာမှမဟုတ်သလိုမျိုး တောင်းရဲတယ်ပေါ့လေ.. "

အမှန်တကယ်လည်း ထိုငွေပမာဏက လွန်လွန်းအားကြီး၏။ ဥက္ကာပျံသူရဲ ကောင်းတောင်မှ သူ့၏ ပိုင်ဆိုင်မှုပစ္စည်းအားလုံး ရောင်းချလိုက်ပြီးမှ ထိုငွေပမာဏအား ပေးချေနိုင်မည် ဖြစ်၏။

Lord Xue YingDonde viven las historias. Descúbrelo ahora