76

129 9 1
                                    


unicode

အပိုင်း ( ၇၆ ) ဖမ်းမိခြင်း

ရွှစ်.. ရွှစ်.. ရွှစ်..

ရွှယ်ယင်၏ အမြန်နှုန်းက မည်မျှ လျင်မြန်လိုက်လေနည်း။ ကွေ့လိမ်ကြောင်ပတ်ပြေးလာခဲ့သော်လည်း အမြန်နှုန်းက အတော်လေး လွန်လှသည်။ သို့သော် ရွှယ်ယင်၏ ခြေလှမ်းတွေက နှေးကျလာသည်။

" သေမျိုး.. အေးအေးဆေးဆေး ပြန်ထွက်သွားလိုက်ပါ.. "

ရွှေရောင်လူဝံကြီးက ဟိန်းဟောက်၍ ခြိမ်းခြောက်လိုက်သည်။

" ယန္တရားသက်ရှိတွေက တကယ့်သက်ရှိတွေ မဟုတ်ဘူး.. သူတို့ရဲ့ သခင်အမိန့်ကိုပဲ နာခံကြတာ.. "

ရွှယ်ယင် စိတ်ထဲမှာ တွေးလိုက်မိသည်။ သခင်က အမိန့်က တင်းကြပ်စွာပေးထားခဲ့လျှင် သခင်ဖြစ်သူ သေသွားသည့်တိုင် ယန္တရားသက်ရှိတွေကဆက်လက် နာခံကြမည် ဖြစ်သည်။

ရွှယ်ယင် အနားသို့ တိုးကပ်လာသည်။

သို့သော် ရွှေရောင်လူဝံကြီးက တုတ်တုတ်မျှ မလှုပ်။

ပုံရိပ်ယောင် လှိုင်းတွန့်များ ကာရံထားသည့် နေရာအတွင်းသို့ ခြေတစ်လှမ်းဝင်လိုက်သည့်အခါတွင် အဆိုပါ ရွှေရောင်လူဝံကြီးက ဟိန်းဟောက်လာရင်းခြေလှမ်းကြဲကြီးဖြင့် ပြေးလာလိုက်သည်။

သို့သော် ရွှယ်ယင် အနောက်သို့ ခြေတစ်လှမ်း ပြန်ဆုတ်လာသည့်အခါတွင်ထိုရွှေရောင်လူဝံကြီးက တုံ့ခနဲ့ ရပ်သွားပြီး ရွှယ်ယင်ကိုသာ စိုက်ကြည့်နေတော့သည်။

" အကန့်သတ်အဝန်းလား.. "

ရွှယ်ယင်က ပြုံးလိုက်ကာ လှိုင်းတွန့်ကလေးများ ဝိုင်းပတ်ထားသည့် နေရာတစ်ဝိုက်ကို ကြည့်လိုက်သည်။

" မင်းသခင်က အကန့်သတ်အဝန်းထဲ ဝင်လာတဲ့ အရာမှန်သမျှကို တိုက်ခိုက်ဖို့ အမိန့်ပေးထားတယ်မလား.. အခု ငါက အကန့်သတ်အဝန်းရဲ့ အပြင်ဘက်မှာရှိနေတယ်.. မင်း လာပြီး မတိုက်ခိုက်တော့ဘူး မဟုတ်လား.. "

ထိုအခါ ရွှေရောင်လူဝံကြီးက ပြန်လည် အော်ဟစ်လိုက်သည်။

" သေမျိုး.. မင်းသိစရာ မလိုဘူး.. အေးအေးဆေးဆေးပဲ ပြန်ထွက်သွားတော့.. "

Lord Xue YingWhere stories live. Discover now