Chapter 3

1.2K 103 8
                                    

Chapter 3.   ကွဲကွာခြင်း

အရှင်သခင်ရွှီယင်
+++++++++++

အံ့အားသင့်နေတဲ့ ရှုရင်ဟာ ဘေးနားမှာရပ်နေတဲ့သူ့ညီ
လေးကို စိတ်လှုပ်ရှားစွာနဲ့ တင်းတင်းတင်းကျပ်ကျပ်ဖက်
လိုက်သည်။ စိတ်ထဲမှာလည်း မီးခိုးရောင်ဝတ်ရုံနဲ့လူက
အမေရဲ့ အကိုကြီးလား ဟု အံ့အားသင့်စွာ  တွေးလိုက်မိ
သည်။

" အစ်ကို... အချိန်တွေ တော်တော်ကြာသွားပြီနော်.. "
မိုယန်ယု ပြုံးလိုက်ပြီ မီးခိုးရောင်ဝတ်ရုံနဲ့ အကိုကြီးဆိုသူ
ကို မေးလိုက်သည်။

" နောက်တကြိမ် ပြန်တွေ့ရတာ ဝမ်းသာမိပါတယ်..အကို
ကြီးက  ကြယ်အဆင့်နယ်ပယ်ကိုတောင် ရောက်နေပြီကိုး..
အခု ငွေလအဆင့် မှော်ဆရာဖြစ်နေပြီးပဲ.. ဟုတ်ရဲ့လား..?"

" အင်း.. "
မီးခိုးရောင်ဝတ်ရုံနှင့် လူငယ်က  ခေါင်းညိတ်လိုက်သည်။

ကြယ်အဆင့်နယ်ပယ်မှာ အဆင့်ကြီး သုံးဆင့်ရှိတယ်...
ဥက္ကာပျံ ၊ ငွေလ ၊ ဒဏ္ဍာရီ အဆင့်သုံးဆင့်ပဲ ဖြစ်တယ်...
သူရဲကောင်းအဆင့်တွေလိုပါပဲ.. သူလည်း ကြယ်အဆင့်
မှော်ဆရာတစ်ယောက်ပဲ..။

မီးခိုးရောင်အဝတ်နဲ့ လူငယ်က အထင်ကြီးစရာကောင်း
လှတဲ့ ကြယ်အဆင့် မှော်ဆရာတစ်ယောက် ဖြစ်နေသည်။
မိသားစုအတွင်းမှာတောင် သူ့ရဲ့အဆင့်အတန်းက
အတော်မြင့်တယ်လို့ ဆိုရမည်။

" အကူအညီမရှိဘဲနဲ့ ငွေလအဆင့် မှော်ဆရာ ဖြစ်လာ
နိုင်ခဲ့တယ်ဆိုတော့ မိသားစုမျိုးဆက်သစ်တွေမှာ ထိပ်ဆုံး
သုံးယောက်ထဲမှာ အကို ဝင်သင့်တယ်.. "
ဟူ၍ မိုယန်ယု ဆက်ပြီ မနာလိုဖြစ်စွာ ပြောလိုက်မိသေး
သည်။
" အကိုသာ ဒဏ္ဍာရီအဆင့် မှော်ဆရာဖြစ်လာခဲ့ရင်
အင်မတန်ကို အံ့သြစရာ ကောင်းမှာပဲ.. "

မီးခိုးရောင်ဝတ်ရုံနှင့် လူငယ်က စိတ်မကောင်းဟန်ဖြင့်
" ဒီကနေ့အထိ မိသားစုထဲမှာ ဒဏ္ဍာရီအဆင့် မှော်ဆရာ
တစ်ယောက်မှ မရှိသေးဘူး.. ဒဏ္ဍာရီအဆင့် တက်လှမ်း
ဖို့က အတော်လေး ခက်ခဲလွန်းပါတယ်.. " ဟူ၍
ပြောလိုက်လေသည်။

" ဒဏ္ဍာရီအဆင့်... "

သမိုင်းကြောင်းများအရ နဂါးတောင်အင်ပါယာမှာ
ဒဏ္ဍာရီအဆင့်သူရဲကောင်း တစ်ယောက်ပဲရှိခဲ့ဖူးသည်။ ပြီး
တော့ ဒဏ္ဍာရီအဆင့်သူရဲကောင်းကို လူတွေ အကြွင်းမဲ့
လေးစားကြသည်။  ဘာကြောင့်လဲဆိုတော့ သူတို့ကေ
သမျိုးတွေရဲ့ထိပ်ဆုံးကို ရောက်နေပြီးလို့ ပြောလို့ရသည်။
နောက်ပြီ သူတို့ဟာ အထွတ်အထိပ်အဆင့်ကို ရောက်ဖို့
ခြေတစ်လှမ်းပဲ လိုတော့တယ်မဟုတ်လား.. ။

Lord Xue YingWhere stories live. Discover now