Chapter 53

180 27 1
                                    

#unicode
အပိုင်း ( ၅၃ ) - တုန်ပိုရွှယ်ယင်က ဒဏ္ဍာရီအဆင့်တစ်ယောက်လား



ထိုပစ္စည်းအားလုံးက ကောင်းကင်အဆင့် မှော်ဆရာအသုံးအဆောင်များ ဖြစ်ကြသည်မဟုတ်လား.. အရင်တုန်းက ဒါတွေကို ပိုင်ဆိုင်ရဖို့ သူ တွေးကြည့်ဖို့ပင် မရဲခဲ့သည့် အရာများ ဖြစ်ကြသည်မဟုတ်လား။

" ဒါကတော့ နောက်ဆုံးပစ္စည်းတစ်ခုပဲ.. ပြီးတော့ အရေးကြီးဆုံးအရာတစ်ခုလည်း ဖြစ်တယ်.."

ဆွဲသီးလေးတစ်ခု.. အတွင်းမှာ ထွင်းဖောက်မြင်ရမတတ် ကြည်လင်သည့် အလုံးလေးတစ်လုံး ပါဝင်နေသည့် ဆွဲသီးလေးတစ်ခုကို ရွှယ်ယင် ထုတ်ပြလိုက်သည်။

" ဒီဆွဲသီးလေးထဲမှာ ကောင်းကင်အဆင့် မှော်ဆရာတစ်ယောက်ရဲ့ မှော်စွမ်းအားကို အပြည့်နီးပါးလောက် သိုလှောင်ထားပေးနိုင်တယ်.. ဘာဖြစ်လို့လဲဆိုတော့ မင်းမှာ မှော်စွမ်းအားတွေ အများကြီး မရှိနေဘူး.. ဒါဆိုရင် မှော်ပစ္စည်းတွေ အများကြီး သုံးတဲ့အခါကျရင် မင်းရဲ့ ခန္ဓာကိုယ်ကနေ အများကြီး ဆွဲယူသွားကြလိမ့်မယ်.. ဒါကြောင့် ဒီအချိန်က စပြီး စွမ်းအင်တွေကို ဒီထဲမှာ အလုံအလောက် ထည့်သိမ်းထားပေါ့.. အရေးကြီးတဲ့ အခြေအနေမျိုးမှာ သုံးလို့ ရတာပေါ့.."

" ဟုတ် " ချင်းရှီ ခေါင်းညိတ်လိုက်သည်။

အစ်ကိုကြီးက တကယ်ကို တွေးခေါ်တတ်တာပဲ..

ရွှယ်ယင်က   ဆက်လက်၍   " ဒါပေမဲ့ မှော်ပစ္စည်းတွေကို သုံးတယ်ဆိုတာ တကယ်တမ်းတော့ အဲဒါတွေက ပြင်ပအကူအညီတွေပဲ.. မင်းရဲ့ ကိုယ်ပိုင်ခွန်အားတွေကမှ တကယ့် အရေးကြီးဆုံးပဲ..." ဟု ပြောလိုက်သည်။

ချင်းရှီမှာ မှော်ပစ္စည်းတွေ အစုံအလင် ရှိနေပါစေဦး.. တကယ်၍ စွမ်းအားကောင်းသည့် စစ်သည် အထူးသဖြင့် ဥက္ကာပျံအဆင့်အထက်ရှိသည့် စစ်သည်မျိုးနှင့် ရင်ဆိုင်ခဲ့ရရင် သူ့အတွက် အသက်ဘေး စိတ်ချ၍ မရနိုင်ပေ။ ထို့ကြောင့်လည်း ထိုမှော်ပစ္စည်းများက ချင်းရှီအား ဥက္ကာပျံအဆင့်အောက် ရှိသည့် စစ်သည်တို့ကိုသာ အနိုင်ယူစေဖို့ အကူအညီပေးနိုင်မှာ ဖြစ်၏။ သို့သော် မှော်ပစ္စည်းများမှာ ချက်ချင်း ထုတ်သုံး၍ ရနိုင်အောင် ပြုလုပ်ထားခြင်းကြောင့် ချင်းရှီအတွက် အများဆုံး ဥက္ကာပျံအဆင့်လောက်ကို လက်ရည်တူ ယှဥ်တိုက်နိုင်လိမ့်မည်။

Lord Xue YingOù les histoires vivent. Découvrez maintenant