Chapter ( 14 )

690 102 0
                                    

အပို်င်း ( ၁၄ ) -  နှင်းပျံနတ်လှံ

အရှင်သခင်ရွှယ်ယင်
+++++++++++++

ခရမ်းရောင်အဝတ်ကို ဝတ်ဆင်ထားသော ဆိုင်ရှင်လူကြီးသည် ရွှယ်ယင် အား ကြည့်ရင်း ခေါင်းတဆတ်ဆတ် ညိတ်နေလေသည်။ တကယ်တမ်း တွင် ရေဓလေ့မြို့သူ့မြို့သားတို့သည် ရွှယ်ယင်အား နာမည်ပြောင်တစ်ခု ပေးထားတာ ရှိခဲ့၏။ သူ့အား  " လှံနတ်ဆိုး " ဟူသော နာမည်ပြောင်ပေးထားကြခြင်း ဖြစ်၏။ နတ်ဆိုးတစ်ပါးက သူ့ကိုယ်ထဲတွင် စွဲကပ်နေသလို လှံကို သဲသဲမဲမဲ လေ့ကျင့်နေခြင်းအား ရည်ညွန်း၍ နာမည်ပေးလိုက်သည်လည်း ဟုတ်သည်။ တကယ်တမ်းတော့ ထိုနာမည်က မလိုမုန်းထားဖြင့် ပေးကြ သည်လည်း မဟုတ်သလို အမွှန်းတင်လိုခြင်းလည်း မဟုတ်ပါ။

သို့ပေမဲ့ ခရမ်းရောင်အဝတ်နှင့် ဆိုင်ပိုင်ရှင်က ဘဝမှာ အတွေ့အကြုံများစွာ ရှိခဲ့သူ ဖြစ်နေရာ.. လောကကြီးဟာ အဆမတန်ကျယ်ပြန့်သည်ဆိုတာကို ကောင်းကောင်း သိထားသူလည်း ဖြစ်ခဲ့သည်။

အစစ်အမှန်အုပ်ချုပ်သူဆိုသည်မှာ တကယ့်ကို စွမ်းအားကြီးသောသူ.. ပမာဆိုရသော် လက်လှမ်းမမှီနိုင်သည့် ဒဏ္ဍာရီအဆင့်မှာ ရပ်တည်နေသူများ ထပ်ပြီးပြောရရင် အထွတ်အထိပ်အဆင့်များ ဖြစ်ကြသည်။

ကျင့်ကြံခြင်းလမ်းစဉ်ကို အားမလျှော့စတမ်း ကြိုးစားကြသည့် စစ်မှန်သည့် ကျင့်ကြံသူတွေသာ ထိုအဆင့်နေရာသို့ ရောက်ရှိကြသည်။

ထို့ကြောင့်ပင် ဆိုင်ရှင်လူကြီးသည် အင်မတန် လေ့ကျင့်ကြိုးစားတတ်သည့် လူမျိုးကို သွားပြီး ရန်မစရဲသလို စော်ကားခြင်းလည်း မပြုရဲချေ။


" ကောင်းလိုက်တဲ့ လှံတွေပဲ.. "

ရွှယ်ယင်က လှံတွေအား ကြည့်နေရင်း ချီးမွှမ်းလိုက်သည်။ လှံတွေဆီမှ ချီစွမ်းအင် ခပ်လဲ့လဲ့လေး ဖြာထွက်နေသည်ကို ကြည့်ရင်း ယင်းလှံတွေ၏ ဝိညာဉ်သဘာဝကို သူ မြင်တွေ့နေရသည်။ ဒါဟာ အရေးကြီးသော အရာ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုလှံတို့ကို ရွေးချယ်ပြီးနောက်တွင် သူသည် နေ့နေ့ညည အမြဲတစေ ကိုင်ဆောင်ရတော့မည် မဟုတ်လော။

Lord Xue YingWhere stories live. Discover now