Chapter 9

742 100 1
                                    

Chapter 9 -  နောက်၅နှစ်ကြာသောအခါ..

အရှင်သခင်ရွှီယင်
+++++++++++

တုန်ပိုရွှီယင်၊ သူ့ညီလေး ကျွင်းရှိ နှင့် ကျုံးလိန်တို့သည် ညနေစာ စားသောက်ပြီးနောက် အတူတကွ ထိုင်နေကြသည်။ တုန်ပိုရွှီယင်သည် ဖရဲသီးတစ်လုံးလောက် အရွယ်အစားရှိသော ဖန်အလုံးကြီးတစ်လုံးကို သူ့အမေချန်ထားခဲ့သည့် ပုံးတစ်ခုကနေ ထုတ်ယူလာခဲ့သည်။

" အကိုကြီး.. အဲဒါက ဘာလေးလဲ?..  အရမ်းလှတာပဲ.."

ချစ်စရာကောင်းသော ကျွင်းရှိလေးက မေးမြန်းလိုက်၏။
ရွှီယင်က သူ့အဖေနှင့်ဆင်တူသလောက် ကျွင်းရှိလေးကလည်း အမေနှင့် အတော်တူလေသည်။ သူသည် ရွှီယင်ထက် ပိုပြီ နှစ်လိုဖွယ်ကောင်း၍ ချောမောလာမည်ဆိုတာ သေချာပါသည်။

" ကျောက်စရစ်လေး.. လက်ကို ဒီဖန်လုံးအပေါ်တင်ထားလိုက် "
ရွှီယင်က ကျွင်းရှိကို ပြောလိုက်သည်။

" ဟုတ်.."    ကျွင်းရှိက နာခံစွာ ပြန်ဖြေလိုက်ပြီးနောက် သူ၏ လက်ကလေးကို ဖန်လုံးအပေါ် ထားလိုက်သည်။

သူ၏ လက်ကလေးသည် ဖန်လုံးနှင့် ထိတွေ့လိုက်သည့်အချိန်တွင် သူ၏ ကိုယ်အတွင်းရှိ စိတ်ဝိညာဉ်လှိုင်းက ဖန်လုံးကို သွားရောက်တုန့်ပြန်မှု ဖြစ်ပွားလာခဲ့သည်။ ဖန်လုံးမှာ ချက်ချင်းပင် အနီရောင်အလင်းတောက်ပဖြာထွက်လာ၍ အခန်းထောင့်နေရာများမှာပါမကျန် လင်းနေတာကို မြင်ရသည်။

အလင်းတွေ ဖြာထွက်သလိုပင် ရွှီယင်နှင့် ကျုံးလိန်တို့မှာလည်း ပီတိများ ဖြာသွားခဲ့ကြသည်။

" အကိုကြီး.. ဖန်လုံးက ဘာဖြစ်လို့ တောက်ပလာတာလဲဟင်.."

" ကြီးမြတ်တဲ့ မှော်ဆရာလေး.. လာပါဦး...တစ်ခါလောက် နမ်းပါရစေ.. "

ရွှီယင်သည် ပြောလည်းပြော သူ့ညီလေးကိုလည်း ရင်ခွင်ထဲကို ဆွဲပိုက်ယူပြီ နမ်းပေးလိုက်သည်။

မှော်ပညာရှင်တစ်ယောက်က သူရဲကောင်းတစ်ယောက်နဲ့ မတူပါဘူး။ သူရဲကောင်းတစ်ယောက်အနေဖြင့် ငယ်ရွယ်စဉ်ကတည်းကပင် လေ့ကျင့်ခြင်းကို စတင်ထားဖို့ လိုအပ်သည်။ ဥပမာအားဖြင့် အဆုံးမဲ့လေအကယ်ဒမီကျောင်း၏ ဝင်ရောက်ခြင်းခွင့်ပြုချက်စည်းမျဉ်းအရ တက်ရောက်ခွင့်ပြုထားသည့် ကျောင်းသားများ၏ အသက်အရွယ်ကို အများဆုံး ၁၀ နှစ် သတ်မှတ်ထားခြင်းဟာ ထိုကြောင့်ပင် ဖြစ်သည်။ သို့ပေမဲ့ မှော်ပညာရှင်ကတော့ ငယ်ရွယ်သည့်အချိန်မှာ လေ့ကျင့်စရာမလိုချေ။ နောက်ခံအင်အားကောင်းမွန်သည့် မိသားစုက ပေါက်ဖွားလာသူသည် အသက် ၁၀ နှစ်တွင် စတင် လေ့ကျင့်ကောင်း လေ့ကျင့်လိမ့်မည်။ တခြားသူတွေကတော့ အသက် ၁၆ ဒါမှမဟုတ် အသက် ၂၀ မှသာ စတင်လေ့ကျင့်ကြပေလိမ့်မည်။ အဆုံးအစမဲ့လေအကယ်ဒမီကျောင်းတွင်မူ မှော်ပညာသင်ကြားခွင့်အတွက် အသက်ကို အများဆုံး ၃၀ ထက်မကျော်လွန်ရန် ကန့်သတ်ထားသည်။

Lord Xue YingWhere stories live. Discover now