Chapter 4

1K 90 0
                                    

Chapter 4. ညီအကို

အရှင်သခင်ရွှီယင်
+++++++++++

နောက်တစ်နေ့ မနက်ခင်းဖြစ်သည်။
နေရာကား နဂါးတောင်အိမ်တော်.. ရေဓလေ့မြို့...

ဒီအင်ပါယာမှာ မြို့တိုင်း မြို့တိုင်းမှာ နဂါးတောင်အိမ်တော်
ရှိကြသည်။ ရေဓလေ့မြို့မှာ ရှိတဲ့ နဂါးတောင်အိမ်တော်က
ရှေးဟောင်း အထပ်၅ထပ် ကျောက်သားအဆောက်အဦးပဲ
ဖြစ်သည်။

နဂါးတောင်အိမ်တော်အဝင်ပေါက်ကို စွမ်းအားကြီးမားပုံရ
တဲ့ စစ်သည်တွေက စောင့်ကြပ်နေသည်။ မြို့သူမြို့သား
တွေနဲ့ အထက်တန်းစားဆွေကြီးမျိုးကြီးတွေရော မည်သူမှ
အိမ်တော်အဝင်ပေါက်ကနေ ၁၀ မီတာအတွင်းကို စွန့်စား
ပြီး ခြေတလှမ်းမှ မလှမ်းဝံ့ချေ။ စည်းခြားထားတာကို ကျူး
ကျော်ဝင်လိုက်ခြင်းဟာ သေခြင်းတရားကို ဖိတ်ခေါ်လိုက်
သကဲ့သို့ အဓိပ္ပါယ်သက်ရောက်သွားမည်။ ဆွေကြီးမျိုးကြီး
အထက်တန်းစားတွေဆိုပြီး ခွင့်လွှတ်လိုက်မှာ မဟုတ်ချေ။

ထိုစဉ် ဝတ်ရုံဖြူနဲ့ အဖိုးအိုတစ်ယောက် နဂါးတောင်အိမ်
တော်ဆီကို အလောတကြီးနှင့် ရောက်ချလာသည်။

"သခင်ယူတု "

ဝင်ပေါက်မှာ စောင့်ကြပ်နေတဲ့ အစိမ်းရောင်သံချပ်အဝတ်
ဝတ်ဆင်ထားတဲ့ အစောင့်စစ်သည်က သူ့ကို လေးစားစွာ
ဖြင့် နှုတ်ဆက်လိုက်သည်။

အဖိုးအိုက " အိမ်တော်သခင် ရှိနေလား.. ?? " ဟု
အစောင့်စစ်သည်ကို မေးမြန်းလိုက်သည်။

" အင်း.. သူရှိနေပါတယ်.. မနက်ကတည်းက သခင်ဟာ
အခြေအနေကောင်းတဲ့ပုံ မပေါ်ဘူး.. "
အရပ်ရှည်ရှည် အစောင့်စစ်သည်ကလည်း ပြန်ဖြေပေး
လိုက်သည်။

အဲ့ဒီနောက် အဖိုးအိုဟာ နဂါးတောင်အိမ်တော်ဝင်းထဲကို
လှမ်းဝင်လိုက်ပြီး တတိယထပ်ကို ဦးတည်သွားလိုက်
သည်။

" ဒေါက်.. ဒေါက်.. " တံခါးခေါက်သံ ဖြစ်ချေသည်။

အခန်းအတွင်းမှ စကားသံက အကြောင်းပြန်လာသည်။
" ဝင်ခဲ့လိုက်... "

ဆံပင်ဖြူနဲ့ အကြီးအကဲဟာ တံခါးကို တွန်းဖွင့်လိုက်ကာ
အခန်းထဲ လှမ်းဝင်လိုက်ပြီနောက် တဖန် တံခါးကို ပြန်
ပိတ်လိုက်သည်။ အဝါသမ်း၍ နက်မှောင်ပြီး ပြောင်ချော
သည့် စားပွဲခုံရှည်တစ်လုံးက အခန်းထဲမှာ ရှိနေသည်။
စာရွက်နှင့် စာအုပ်အပုံလိုက်တွေက စားပွဲပေါ်မှာ တင်ထား
သည်ကို တွေ့ရသည်။ စားပွဲခုံအနောက်မှာ မည်းနက်သော
အသားအရည်နှင့် လူလတ်ပိုင်းအရွယ် လူတစ်ယောက်
ထိုင်နေပြီ သူလက်ထဲမှာ စာအုပ်တစ်အုပ်ကို လှန်လှော်
ဖတ်ရှုနေသည်။

Lord Xue YingWhere stories live. Discover now