Chapter 51

117 22 0
                                    

#unicode
အပိုင်း ( ၅၁ )  ဂျိရုံ

နှင်းကျောက်တောင်ရဲတိုက်.. ညနက်အချိန်..

စားပွဲခုံရှည်ပေါ်တွင် စားသောက်စရာများက အမယ်စုံလှသည်။ ရွှယ်ယင်က စာပွဲခုံရှည်၏ ညာဘက်ထိပ်တွင် ထိုင်၏။ ကျုံးလိန်နှင့် ထုံစန်းတို့က သူ့ဘေးနားတွင် ထိုင်သည်။ သူ့အရှေ့တွင် ချင်းရှီနှင့် သူ့ကောင်မလေး.. သူမအနားတွင် ရိုယွဲ့က ထိုင်နေ၏။

" အစ်ကိုကြီး.. သူက ဂျိရုံ.. သူလည်း ဆရာကြီးရဲ့ တပည့်တစ်ယောက်ပဲ.. သူတို့က ရီရွှေမြို့မှာ နေကြတယ်.. "

ချင်းရှီက အနည်းငယ် ရှက်နေဟန်ဖြင့် ရိုးစင်းစွာ မိတ်ဆက်ပေးလိုက်သည်။

" ဂျိရုံ.. ဟားဟား.. "  ရွှယ်ယင်က ရယ်မောလိုက်ကာ

" ချင်းရှီ ခေါ်သလိုမျိုး ငါ့ကို အစ်ကိုကြီးလို့ ခေါ်လို့ ရပါတယ် "

" ဂျိရုံ.. အစ်ကိုကြီးကို နှုတ်ဆက်ပါတယ်.. "

ဂျိရုံ၏ အသံက တက်တက်ကြွကြွဖြင့် ရှိ၏။ သူမ၏ စကားသံက နားထောင်ကောင်းလှသည်။

ဂျိရုံမှာ အသက်ငယ်ပုံရပြီ သူ့ညီလေးနှင့် အသက်အတူတူပင် ရှိလိမ့်မည်။ အရပ်က မမြင့်ပေမဲ့ သေးသွယ်ကျစ်လစ်သည်ဟု ဆိုရမည်။ သို့သော် လှပသည့် မျက်လုံးတို့ကြောင့် သူမသည် အချောအလှတစ်ယောက်ဟု သတ်မှတ်နိုင်သည်။ သူ့ညီလေးနှင့် လိုက်ဖက်သည့် စုံတွဲဟု ဆိုရမည်။ သူပင် သတိမထားမလိုက်ဘဲ ညီလေးဖြစ်သူက နှပ်ချေးတွဲလောင်း ကလေးဘဝကနေ ယခုအခါ ကောင်မလေးပင် အနားတွင် ရှိနေလေပြီ။

ပြောရမည်ဆိုလျှင် သူကိုယ်တိုင်လည်း မည်သည့် မိန်းကလေးတစ်ယောက်နှင့်မှ  မတွဲဖူးခဲ့ပေ။ ရိုယွဲ့နှင့် နီးကပ်ခဲ့ပေမဲ့ သူမနှင့်ပတ်သတ်ပြီ မစဉ်းစားခဲ့ဖူးပေ။ သူ့ခေါင်းထဲတွင် မိဘတို့ကို ကယ်တင်မည့်အကြောင်းသာ ရှိခဲ့သည်။

" ဒီနေ့မှ တွေ့ဖူးကြတာ ဖြစ်ပေမဲ့ မင်းအတွက် ငါ လက်ဆောင် ပြင်ဆင်ထားပါတယ်.. ယူလိုက်ပါ.. "

ရွှယ်ယင်က ပြောလိုက်ကာ အဖြူရောင်သလင်းကျောက် သေတ္တာတစ်လုံးကို ထုတ်ယူလိုက်သည်။

Lord Xue YingWhere stories live. Discover now