Chapter 43

99 21 0
                                    

#unicode
အပိုင်း ( ၄၃ )   သတ်ဖြတ်ခြင်းဝင်္ကဘာ



ခုနစ်ခုမြောက် စင်္ကြံလမ်းတွင် ကာကွယ်စောင့်ရှောက်သူ သုံးယောက်က လက်နက်ကိုယ်စီ ကိုင်စွဲထားကာ စောင့်ဆိုင်းနေကြသည်။

" သူတို့ ရောက်လာကြပြီ.."   တစ်ယောက်သော သူက အသံကို နှိမ့်၍ ပြောလိုက်သည်။

ဝရုန်းး

ပြိုလဲကျိုးကြေသော အသံများ စတင်ကြားရလာကာ မြေပြင်မှာလည်း တုန်လှုပ်လာသည်။

ကာကွယ်စောင့်ရှောက်သူ သုံးယောက်ထဲက အရပ်ပုဆုံးလူက ချောင်းကြည့်ပေါက်ကနေ လှမ်းချောင်း ကြည့်လိုက်သည်။ သူ မြင်လိုက်ရသည်က ကြီးမားသည့် နှင်းမြွေကြီးနှစ်ကောင်က တစ်ကိုယ်လုံး တွန့်လိမ်ကောက်ကွေးလျက် လာနေသည်ကို မြင်ရသည့်အပြင် မြွေကြီး၏ ခန္ဓာကိုယ်က တစ်ဖက်တစ်ချက်က နံရံကိုပါ ဖြိုချသွားသည်ကိုပါ မြင်လိုက်ရသည်။ တစ်ခါတရံတွင် နံရံများက ကြေမွပျက်စီးသွားရသလို တစ်ခါတရံတွင်လည်း  အောက်ခင်းကြမ်းပြင်တို့သည်လည်း အပိုင်ပိုင်း အက်ကွဲသွားသည်။

"အဲဒီ နှင်းမြွေကြီးနှစ်ကောင်က တကယ့်ကို ကြမ်းတမ်းတာပဲ.. ဒီလောက် ထောင်ချောက်တွေ အများကြီး ခင်းထားတာတောင် အဲဒီ မြွေတွေရဲ့ တိုက်ခိုက်မှုကို မခံနိင်ကြဘူး.. ကံကောင်းတာက မြွေကြီးတွေဆီက ထွက်လာတဲ့ သက်ရောက်အားတွေက ဒီ ခုနှစ်ခုမြောက် စင်္ကြံလမ်းမှာ ရှိတဲ့ ဝင်္ကဘာကို သိပ်မထိလို့.."

အရပ်ပုဆုံး ကာကွယ်စောင့်ရှောက်သူက လေသံတိုးတိုးဖြင့် ပြောလိုက်သည်။ အစည်းအတား ဝင်္ကဘာ တွေသည် အဆင့်များစွာ ခွဲထားသည်ဖြစ်ရာ ဝင်္ကဘာတိုင်းလိုလိုအား နှင်းမြွေကြီးတို့ ဖျက်ဆီး၍ ရနိုင်မှာ မဟုတ်နေချေ။

" အသင့်ပြင်ထားတော့.. သူတို့ စင်္ကြံလမ်းထဲ ဝင်လာတာနဲ့ ငါတို့ ထောင်ချောက်ကို အသက်သွင်းလိုက်မယ်.."

အရပ်ရှည်ဆုံး ကာကွယ်စောင့်ရှောက်သူက ပြောလိုက်သည်။

" သူတို့ ငါတို့ဆီကို လာနေပြီးနော်.. ငါ အချက်ပြတာကို စောင့်ဦး.."

အရပ်ပုဆုံး ပြန်လည် ပြောလိုက်ရင်း သူတို့ထံ ရွှယ်ယင်နှင့် တစ်ခြားသူတို့ နီးကပ်လာသည်ကို ထပ်မံ စောင့်ဆိုင်းနေလိုက်သည်။

Lord Xue YingWhere stories live. Discover now