Chapter 34

210 20 0
                                    

#zawgyi

အပိုင်း (၃၄)  - ခြောက်နှစ်အကြာတွင်..

သခင်စစ်အန်းက နှင်းကျောက်ရဲတိုက်သို့ ပြန်ရောက်လာခဲ့သည်။

သခင်စစ်အန်းက ပျော်ရွှင်စွာဖြင့်    " ကိစ္စကတော့ အဆင်ပြေပြေနဲ့ အောင်မြင်လာခဲပြီး.."   ဟု ပြောလေသည်။

" တုန်ရှန်းရေကန်ပန်းပဲဖိုရဲ့ ယန္တရားပညာရှင်ကြီးက ရွှေဒင်္ဂါးပြား တစ်သိန်းကို လက်ခံလိုက်ပြီးလေ.. ငါတို့ရဲ့ သတင်းကွန်ရက်အရဆိုရင် အခုဆို မင်းအဖေ တုန်ပိုလီက မှော်ဆရာမျှော်စင်အထဲမှာ အလုပ်လုပ်နေပြီလို့ ပြောတယ်.. သူ့အလုပ်က ပင်ပန်းသေးတယ်ဆိုပေမဲ့  ကောင်းကင်အဆင့်စစ်သည်တစ်ယောက်ရဲ့ ခန္ဓာကိုယ်က ကောင်းကောင်း ခံနိုင်ရည် ရှိလောက်ပါတယ်.. နောက်ပြီးတော့ အဲဒီယန္တရားပညာရှင်ကြီးကလည်း  မိုယန်ကလန်က မင်းအဖေကို နှစ်တစ်ရာအလုပ်ကြမ်းဆိုတဲ့ အပြစ်ဒဏ်ပေးထားတာကို ဆန့်ကျင့်တာလည်း မဟုတ်ဘဲ မင်းအဖေကို သက်သာအောင် ကူညီပေးလိုက်တဲ့သဘောပဲလေ.."

" အဆင်ပြေပါတယ်.. အဖေရဲ့အသက်ကို ကာကွယ်ထားနိုင်ပြီပေါ့.."

ရွှယ်ယင်က ရုတ်တရက် ဆိုလိုက်သည်.. " မှော်ဆရာမျှော်စင်မှာရော တကယ်ပဲ လုံခြုံစိတ်ချပါရဲ့လား.. အဲဒီမှာ မမျှော်လင့်ထားတာတွေရော ဖြစ်နိုင်သေးလား.."

" ဒါကိုတော့ စိတ်အေးအေးထားပါ.. "  သခင်စစ်အန်းက ကတိခံလိုက်ပြန်သည်။

" ယန္တရားပညာရှင်တစ်ယောက်ရဲ့ မှော်ဆရာမျှော်စင်ဆိုတာ အထူးတလည် တင်းကြပ်ထားတဲ့ နေရာတစ်ခုပဲ..  မိုယန်ကလန်ရဲ့ ဟန်ပြအထွတ်အထိပ်အဆင့်တောင်မှ မှော်ဆရာမျှော်စင်ထဲ ဝင်ချင်ရင် ယန္တရားပညာရှင်ထံမှာ လေးစားသမှုနဲ့ ခွင့်ပြုချက်တောင်းရတယ်.. နောက်ပြီ မှော်ဆရာမျှော်စင်ဆိုတာ အန္တရာယ်ကြီးတဲ့ ပစ္စည်းတွေ ယန္တရားပညာရှင်က တစ်သက်လုံး ရှာဖွေထားရတဲ့ ပညာရပ်ပစ္စည်းတွေ ရှိနေတယ်ဆိုတော့ ဘယ်သူကမှ ခွင့်ပြုချက်မရှိဘဲ မဝင်ရဲကြဘူး..    မိုယန်ချန်ပိုင်က ဘာရာထူးမို့လို့လဲ..  သူလွှတ်ထားတဲ့ လူမပြောနဲ့.. သူကိုယ်တိုင်တောင်မှ မဝင်ရဲပါဘူး.. ဒီတော့ မင်းအဖေက လုံးဝ လုံခြုံစိတ်ချနေရပြီပေါ့.. "

Lord Xue YingWhere stories live. Discover now