ch 32

219 31 0
                                    

#unicode

အပိုင်း ( ၃၂ )  မင်းကိုမှ မသတ်ရရင် ငါ ယောက်ျားမဟုတ်တော့ဘူး..

နှင်းလင်းယုန်အရှင်သခင်

ရွှယ်ယင်က ရဲတိုက် အနောက်ဘက် တံခါးမှ ဝင်လာခဲ့သည်။  ထို့နောက် ရဲတိုက်အတွင်းက သူ့ ကိုယ်ပိုင် အခန်းထဲသို့ ဝင်လိုက်ကာ နှင်းပျံနတ်လှံထား ထားလိုက်ပြီးနောက် အောက်ထပ်ရှိ ဧည့်ခန်းသို့ အမြန်ဆင်း လာခဲ့လိုက်သည်။ 

ဧည့်ခန်းတွင်.. သခင်စစ်အန်းအား ကျုံးလိန်က ဧည့်ဝတ်ပြုထားသည်။ 

"ပြီးတဲ့ လတုန်းက နှင်းကျောက်တောင်တန်းမှာ မှော်ဆရာတစ်ယောက်ရဲ့ မျှော်စင် လာဆောက်သွားတာပဲ.."

သခင်စစ်အန်းက ရေနွေးကြမ်းခွက်ကို ကိုင်ရင်း မှုတ်သောက် လိုက်ရင်း

"ငါတို့ ရီရွှေမြို့က စွမ်းအား အကြီးဆုံး သူရဲကောင်းနဲ့ အတော်ဆုံး မှော်ဆရာတို့က နှင်းကျောက်တောင်တန်းမှာ အတူတူ ရှိနေကျတာပဲ.."

"ဒါက ရီရွှေမြို့တစ်ခုတည်း မို့လို့ပါ..  အပြင်က ပညာရှင်နဲ့တော့ သွားယှဉ်လို့တော့ ဘယ်ရမလဲ.."ကျုံးလိန်က ပြုံးလျက် ဆိုလိုက်သည်။ 

"ဝှီး... ဝှစ်.." လေတိုးတစ်ခုက ဝှစ်ခနဲ ထွက်ပေါ်လာပြီလျှင် အနက်ရောင် ဝတ်စုံနှင့် လူငယ်တစ်ဦးက အထဲရောက်ရှိ လာသည်။ 

သခင်စစ်အန်းက အနောက် လှည့်ကြည့်လိုက်ရာ လူငယ်ကို တွေ့လိုက်၍ သူ့မျက်လုံးက အရောင်တောက်ပ သွားသည်။  ချက်ချင်းပဲ မတ်တတ်ရပ်ပြီး ရွှင်ပြုံးစွာဖြင့်   အရှင်သခင်လေး.. ဟု နှုတ်ဆက်လိုက်သည်။ 

"သခင်စစ်အန်း" ရွှယ်ယင် အထဲသို့ ဆက်လျှောက် ဝင်လာသည်။ 

"ထိုင်ပါ.. ဘာမှ အလေးအနက် လုပ်နေစရာမလိုပါဘူး.. "

ထိုင်ကြပြီးသည့် အခါမှာ ရွှယ်ယင်က ချက်ချင်း မေးလိုက်သည်။ 

"သခင်စစ်အန်း.. ကျနော်မိဘတွေရဲ့ အခြေအနေက  "

"ငါတို့ နဂါးတောင် အိမ်တော်ရဲ့ သတင်းရှာဖွေနိုင်စွမ်းကို ယုံကြည် စိတ်ချလိုက်ပါ.. ငါတို့က နာမည် ရထားပြီးသားပဲလေ.. "

Lord Xue YingWhere stories live. Discover now