Chapter 45

105 21 0
                                    

#unicode

အပိုင်း ( ၄၅ ) အခမ်းနားဆုံး တိုက်ပွဲ



ကျင့်ချိုးမှာ မျှော်လင့်ချက် ကင်းမဲ့နေရာမှ ရွှယ်ယင် ပြောသည့်စကားကို ကြားလိုက်ရသည့်အခါ သူမက အံ့သြသွားခဲ့ပြီး အနောက်ကို သူမ လှည့်ကြည့်လိုက်သည်။

အမှန်တွင် ရွှယ်ယင်သည် သူ့ကိုယ်သူ နှိမ့်ချ၍သာ နေခဲ့သည်။  နှစ်ပေါင်းများစွာ သဘာဝကြီး၏ နိယာမတရားနှင့် တစ်သားတည်း ဖြစ်အောင် ပြောင်းလဲနေထိုင်ခဲ့သည်။ ထို့ကြောင့်လည်း သာမန်အတိုင်းသာ ရှိသည့် အနက်ရောင်အဝတ်နှင့် လူငယ်ကို လူတွေက သိပ် သတိမထားမိကြချေ။ သို့သော် အားလုံးက သေရေးရှင်ရေး အခြေအနေကို ရောက်နေကြသည့်အခါမျိုးတွင် သူ့အနေဖြင့် သူ့စွမ်းအားများကို မထုတ်ပြဘဲ နေ၍ မရေတော့ပေ။

သူ့၏ အမူအရာများ ပြောင်းလဲလာသောအခါ ဤလူငယ်သည် လုံးဝ ကွဲပြားသွားလိုက်မှန်း အားလုံးက သဘောပေါက်လိုက်သည်။ သူ့ရဲ့ မျက်လုံးက ဓားတစ်လက်ကဲ့သို့ ထက်ရှကာ သူ့၏ စွမ်းအားများ ပေါက်ကွဲထွက်ဖို့ အဆင်သင့် ဖြစ်နေသည်ကို ထိုအခိုက်အတန့်တွင် အားလုံးက သတိမူသွားကြသည်။

ဓားအိမ်ထဲကနေ မထုတ်ရသေးသည့် ဓားကောင်းတစ်လက်ကဲ့သို့ ထက်ရှမှုတို့ ထွက်ပေါ်လာသည့် အချိန်တွင် အားလုံးမှာ အထိတ်တလန့် ဖြစ်သွားကြသည်။

" ရွှယ်ယင်က ဒီလိုစကားကို တကယ်ပဲ ပြောလိုက်တာလား.. ဒါမှမဟုတ် အရင်တုန်းက ဒဏ္ဍာရီအဆင့်တစ်ယောက်နဲ့ တိုက်ခိုက်ခဲ့ဖူးလို့လား.."    ကျင့်ချိုးမှာ မယုံနိုင်အောင် ဖြစ်နေသည်။

" သူက အသက် ၂၂ ပဲ ရှိသေးတယ်လို့ ငါကြားထားတာ.. ငါ့ထက်တောင် အသက် ၃ နှစ် ငယ်တယ်.. ဘယ်လိုလုပ်ပြီ သူက ဒဏ္ဍာရီအဆင့်နဲ့ တိုက်ခိုက်ဖို့ ဖြစ်နိုင်မှာလဲ.. နောက်ပြီး ရွှယ်ယင်မှာ ကောင်းကင်နဲ့ မြေကြီးကိုတောင် ကိုင်လှုပ်နိုင်တဲ့ စွမ်းအားတွေ ရှိနေသလိုမျိုး အဲဒီခံစားချက်တွေ ငါ ဘာလို့ မခံစားရတာလဲ.." 

ခန်းမကြီးထဲတွင် လေထုတို့က ချက်ချင်း ပြောင်းလဲလာသည်။

မမြင်နိုင်သော အားများက သူတို့အုပ်စုထံသို့ ကျရောက်လာပြန်သည်။ ထိုအဖြစ်က နတ်ဆိုးနှင့် တူသည့် လူသည် သဘာဝတရား၏ နိယာမတရားကို သိမြင်ထားကြောင်း သက်သေပြနေသကဲ့ ရှိနေ၏။ ကျင့်ချိုး၏ အမြင်တွင် တကယ်၍ ရွှယ်ယင်က ဒဏ္ဍာရီအဆင့်တစ်ယောက် ဖြစ်နေခဲ့လျှင် ထို မမြင်နိုင်သော အားကို အံတု ကျော်လွန်၍ နတ်ဆိုးတစ်ကောင်နှင့် တူသည့် လူကို ပြန်လည် တိုက်ခိုက်နိုင်မည်ဟု တွေးမိလေသည်။

Lord Xue YingTahanan ng mga kuwento. Tumuklas ngayon