Part-7

1K 63 0
                                    

Sing Pov:
သူငယ်ချင်းတွေ ပြန်သွားတော့ သူတယောက်တည်း စဉ်းစားနေတယ် ငါအရင်က ဘသူ့ကိုမှ အဲ့လောက်ထိ မခင်မင်ခဲ့ဖူးပါဘူး ခုမှဘလိုဖြစ်လို့ Kristနဲ့သူ အရမ်း ရင်းနှီးနေချင်မိမှန်းမသိဘူး အဲ့တာကြောင့် ဆေးရုံကိုလိုက်ဖို့ တောင်ခေါ်ခဲ့မိတာ ဦးလေး လာကြိုမှာလို့ သူပြောတော့ ဘာရယ်မဟုတ်ဝမ်းနည်းသွားမိတယ် ဒါပေမယ့် လိုက်ခဲ့မယ်လို့ ပြောတော့ သူ့စိတ်ထဲကျိတ်ပျော်နေမိ တယ်.. ဆေးရုံရောက်ပီးအကို့ ကိုမြင်တော့ သူကျွန်တော့်ကိုသနားသလိုကြည့်ပီး နှစ်သိမ့်ပေးချင်တဲ့ ပုံမျိုးဖြစ်နေပေမယ့် သူတို့ချင်းကလည်း သိပ်မရင်းနှီး သေးတာရယ် တခြားသူငယ်ချင်း တွေလည်းရှိတော့ သူမနှစ်သိမ့်ပေးရဲဘူးထင်တယ် ဘာတခွန်းမှဝင်မပြော ဘူး ဒါပေမဲ့သူ့မျက်လုံးကိုကြည့်တာနဲ့ သူ့ရဲ့စိတ်ဘလိုဖြစ် နေတယ်ဆိုတာ ကျွန်တော်သိတယ်.....😊
Singသူ့ကိုယ်သူ နားမလည်နိုင်တော့....
သူ အဲ့ဒီ့Kristဆိုတဲ့ ကောင်လေးနဲ့အမြန်ဆုံးရင်းနှီးချင် မိတယ် Kristရဲ့အကြောင်းကိုလည်းသိချင်တယ်...
ဘာကြောင့်လဲဆိုတာတော့ သူ့ကိုယ်သူတောင်မသိဘူးဖြစ်နေတယ်...

---------------------------------------------------------------

Next Morning,

Singမနေ့ညက Kristအကြောင်းတွေးနေတာနဲ့ ဘလိုအိပ်ပျော်သွားမှန်းမသိလိုက်ဘူး
ဟာ...၇နာရီတောင်ခွဲတော့မယ် မနေ့က စာတွေလည်း မကူးရသေးဘူး..ကျောင်းသွားဖို့အိမ်ပြန်မှဖြစ်တော့မယ်

Sing-ကိုကြီး ကျွန်တော် ကျောင်းသွားတော့မယ်.. မြန်မြန်သတိရလာပါတော့နော်......

ဆေးရုံကနေထွက်လာပီး အိမ်ပြန်ရောက်တော့ မြန်မြန်ရေချိုးပီးအဝတ်အစားလဲ လိုအပ်တဲ့စာအုပ်တွေ ထည့်ပီး အိမ်တံခါးကိုသေချာပိတ်ခဲ့လိုက်တယ်
စာကူးရဦးမှာဆိုတော့ ကျောင်းကိုစောစောရောက်ဖို့ ဂိုဒေါင် ထဲက စက်ဘီးလေးကိုထုတ်လိုက်တယ် အကိုဝယ်ထားပေးတဲ့စက်ဘီးလေးမို့ တယုတယနဲ့စီးတာ သူငယ်ချင်းတွေကိုတောင်ပေးမစီးဘူး😅😅......

စက်ဘီးလေးနင်းပီးကျောင်းလာရင်းနဲ့အရှ့မှာ သူ့ကျောင်းဝတ်စုံနဲ့တူတဲ့ ကောင်လေးတစ်ယောက်ကို တွေ့တယ်....

အဆုံးမဲ့ချစ်ခြင်း (Endless Love💗) Z+UniWhere stories live. Discover now