Part-31(Uni)

139 11 0
                                    

Tayသူ့အိမ်ထဲဝင်လိုက်တာနဲ့ အိမ်ရှေ့ကဆိုဖာမှာ ထိုင်နေတဲ့ သူ့အဖေရဲ့ခေါ်သံကိုအရင်ဆုံးကြားလိုက်ရတယ်...

'Tay..ဒီလာဦး'

'ဟုတ်ကဲ့'

'ပြောပါဦး အခုဘယ်သွားတာလဲ သားကိုအဖေ ကုမ္ပဏီအကြောင်းတွေလေ့လာခိုင်းထားတာလေ'

'ဟုတ် အဖေ..ဖေဖေကြည့်ခိုင်းတာတွေသားကြည့်ပီးသွားပါပီ......အခုကညောင်းလို့ဆိုပီး အပြင်ကိုလမ်းလျှောက်ဖို့ ထွက်သွားတာပါ'

'အွမ်း..နောက်ဆိုကိုယ်လုပ်ရမယ့်အလုပ်ကိုသေချာဂရုတစိုက်လုပ်...ပီးရင် အိမ်မှာအဖေရှိတဲ့အချိန် သားအပြင်သွားမယ်ဆိုလည်းအဖေ့ကို ပြောပီးမှသွား ကြားလား သွား..အပေါ်တက်တော့'

'ဟုတ်ကဲ့....'

အဖေပြောပီးတာနဲ့ အပေါ်တက်ပီးကျွန်တော့်အခန်းဆီဝင်လိုက်ပီးမှဘဲ အသက်ရှူချောင်တော့တယ်....ဟူး...😔😔😔

အဖေက ကျွန်တော်နဲ့ပတ်သက်ရင် ရည်ရွယ်ချက်ကြီးတယ်..အဖေ့ကုမ္ပဏီကိုဦးစီးပီး ကျွန်တော့်ကို သူ့လိုမျိုး ထက်မြက်တဲ့လူတယောက်ဖြစ်စေချင်နေတာ...စည်းကမ်းတွေဘောင်တွေနဲ့ အတိအကျသမားဖြစ်အောင်နေဆိုပီးတော့လည်း အမြဲတမ်းမှာလို့ရှိတယ်....သူ့စည်းကမ်းတွေမလိုက်နာရင်လည်း အပြစ်ပေးလေ့ရှိတယ်...ဒါပေမယ့် ကျွန်တော်က လွတ်လွတ်လပ်လပ်နေရတာကိုကြိုက်တယ်...အေးချမ်းတဲ့နေရာလေး တခုမှာ နားကြပ်လေးတပ်ပီး သီချင်းနားထောင်ရတာကိုကြိုက်တယ်...တယောက်တည်းအေးအေးဆေးဆေး စာအုပ်တွေဖတ်ရတာကြိုက်တယ်....သူငယ်ချင်းတွေကိုယ်ခင်မင်တဲ့သူတွေနဲ့တွေ့ရင် ရယ်ရယ်မောမောနဲ့ဟာသတွေပြောရတာကိုလည်း ကြိုက်တယ် ဒါပေမယ့် ကျွန်တော် ကိုယ့်စိတ်နဲ့ကိုယ် နေရတယ်ဆိုတာ ရှားတယ်..အဖေချမှတ်တဲ့ စည်းကမ်းဘောင်တွေကြားမှာဘဲ ကျွန်တော်နေလာခဲ့ရတယ်... ဒီလိုနေရလို့လည်း အဖေ့ကိုကျွန်တော် အပြစ်မတင်ရက်ပါဘူး.....သူကကျွန်တော့်ကိုကောင်းစေချင်လို့ဘဲလေ.......ဒါပေမယ့်လည်း ဖြစ်နိုင်ရင်တော့ ကျွန်တော်နေချင်တဲ့ဘဝမျိုးမှာဘဲ နေချင်မိတယ်😔😔😔😔..............

----------------------/\.../\---------------------------

ခုရက်ပိုင်း မနက်ခင်းတိုင်း ကျွန်တော်kitတိုက်ခန်းကိုသွားပီး အဲ့ဒီကနေဘဲ နှစ်ယောက်အတူတူ ကျောင်းသွားကြတယ်..

အဆုံးမဲ့ချစ်ခြင်း (Endless Love💗) Z+UniWhere stories live. Discover now