Part-42(💖💖)

658 42 2
                                    

ညနေကျောင်းဆင်းတဲ့အချိန် ကျောင်းရှေ့မှာရပ်ထားတဲ့ကားအကောင်းစားကြီးကိုကျောမှီပြီးရပ်နေတဲ့ စမတ်ကျကျကောင်လးတစ်ယောက်ကြောင့် ကျောင်းကမိန်းကလေးတွေရဲ့အကြည့်က ထိုကောင်လေးဆီမှာသာရောက်နေကြသည်....

ကျောင်းထဲကနေ ခေါင်းငိုက်စိုက်ကျကာ ထွက်လာတဲ့ ကျောင်းဝတ်စုံအပြည့်နဲ့ ကောင်လေးတယောက်ထွက်လာတာကိုမြင်တဲ့အချိန် တစုံတယောက်ရဲ့နှုတ်ခမ်းတို့ကတော့ အပေါ်ကို ကော့တက်သွားကာ အပြုံးတစ်ခုဖြစ်ပေါ်လာခဲ့သည်....

ယောကျာ်းပီသတဲ့ခြေလှမ်းတွေနဲ့အတူ ဘာကိုမှသတိမထားမိဘဲလမ်းလျှောက်လာတဲ့ကောင်လေးရဲ့ရှေ့ကို Tayပိတ်ရပ်လိုက်တဲ့အခါ အလိုမကျတဲ့မျက်လုံးတွေနဲ့မော့ကြည့်လာတဲ့ကောင်လေးက Tayကိုလည်းမြင်ရော မျက်လုံးဝိုင်းလေးတွေနဲ့အတူ အံ့သြမှုအကြည့်တွေအဖြစ်သို့ ပြောင်းလဲသွားခဲ့တော့သည်...

'P'ဘလိုလုပ် ရောက်လာတာလဲ????
P'အဖေသိသွားပါဦးမယ်...P'ဘာလို့အခုလိုကြီးရုတ်တရက်ရောက်လာတာလဲ'

မေးခွန်းတွေနဲ့ တရစပ်မေးနေတဲ့ ကောင်လေးကိုသူပြုံးရင်သာကြည့်နေတဲ့အခါ.....

'Pကျွန်တော်မေးတာပြန်ဖြေဦးလေ'

သူမေးတာကိုမဖြေဘဲ ပြုံးပြုံးကြီးသာကြည့်နေတဲ့ P'Tayကိုသူစိတ်မရှည်တော့ဘဲမေးလိုက်တဲ့အခါ....

'ဖြေပါမယ်...လာ တနေရာသွားရအောင်'

သူ့လက်ကိုဆွဲကာ ကားဆီခေါ်သွားတဲ့အခါ သူ့ရင်ခုန်သံတို့ကစည်းချက်မညီနိုင်တော့ပေ.....
ကားတံခါးကအစဖွင့်ပေးနေတဲ့P'Tayကြောင့် သူမနေတတ်တော့....ဘေးမှာလည်း တချို့မိန်းကလေးတွေက ဒီမြင်ကွင်းကို အံ့သြတကြီးနဲ့ တွတ်တွတ်ထိုးကာပြောနေတဲ့အတွက်ကြောင့် သူကားပေါ်ကိုဘဲအမြန်ဆုံးတက်လိုက်တယ်.....
ကားထဲရောက်မှ သူသက်ပြင်းချလိုက်ပြီး သူပါးတွေကိုကိုင်ကြည့်လိုက်တော့
'Oeee...ဘာလို့အဲ့လောက်ပူနေရတာလဲ...ဟူး ပူလိုက်တာနော်'
သူပွစိပွစိပြောနေတုန်း Tayတက်လာပြီး သူမသိတဲ့နေရာတခုစီကိုခေါ်သွားတယ်....
.
.
.
.
.
မိနစ်၂၀လောက်စီးလာပြီးတဲ့နောက် ကန်ဘောင်တခုဘေးနား ကားရပ်လိုက်တဲ့တော့ သူကားပေါ်ကဆင်းလိုက်တဲ့အခါ P'Tayလည်းဆင်းလာပြီး သူဘေးနားမှာလာရပ်ရင်း နောက်ကျောဘက်ကနေ သူ့ကိုဖက်လာတဲ့အတွက် သူ့နှလုံးခုန်နှုန်းက သုံးဆလောက်မြန်လာခဲ့တယ်
(ဒီPကတော့လေ ငါ့ကိုနှလုံးရောဂါနဲ့သေအောင်များလုပ်နေတာလားမသိဘူး.... :|ဟု သူ့စိတ်ထဲတွေးမိလိုက်သည်)
ဒါပေမယ့် သူ့ကိုယ်သူအတတ်နိုင်ဆုံးထိန်းကာ သူ့ကိုဖက်တွယ်ထားတဲ့ P'ရဲ့လက်တွေကိုကိုင်လိုက်ရင်း မေးလိုက်တယ်...

အဆုံးမဲ့ချစ်ခြင်း (Endless Love💗) Z+UniWhere stories live. Discover now