Part-34(Uni)

136 9 0
                                    

အချိန်တွေတဖြည်းဖြည်းကုန်ဆုံးလာခဲ့တာ၁၈ ရက်နေ့ကိုရောက်ခဲ့ပြန်ပီ......ဒီနေ့က သူနဲ့ကိုကိုချစ်သူဖြစ်တာ တလပြည့်တဲ့နေ့ဘဲ......တလဆိုတဲ့အချိန်အတောအတွင်းမှာ သူကိုကို့အပေါ်ဆိုးချင်သလိုဆိုးခဲ့ပေမယ့်လည်း ကိုကိုကတော့သူ့ကိုဘယ်တော့မှ အပြစ်မမြင်ခဲ့ဘူး...သူကိုကို့ကိုဘလောက်ဘဲစိတ်ကောက်ကောက် ကိုကိုကဘဲသူ့ကိုပြန်ချော့ခဲ့ရတာကြီးဘဲ...အမြဲတမ်း သူ့ကိုဂရုတစိုက်နဲ့စိတ်ပူပေးနေတတ်တဲ့ သူကလည်းကိုကိုပါဘဲ....အဲ့ဒါကြောင့် ဒီလူသားအပေါ် တနေ့ထက်တနေ့ ကျွန်တော့်ရဲ့အချစ်တွေက ပိုပိုတိုးလာခဲ့တယ်...ကိုကို့ရဲ့ဂရုစိုက်မှုတွေကို ဒီ့ထက်ပိုပီးလိုချင်မိတယ်....ကိုကို့အပေါ်မှာလည်း ပိုပိုပီးဆိုးချင်လာမိတယ်...သူက ကိုကိုနဲ့တွေ့ရင် အမြဲတစေ ကလေးတယောက်လိုဖြစ်သွားတတ်တာကိုလည်း သူ့ကိုယ်သူအသိဆုံးပင်.......☺☺

အခုအချိန်ဆို ကိုကိုဘာတွေများလုပ်နေပါလိမ့်...... ကိုကိုက စောစောထတတ်တဲ့သူဆိုတော့ အခုအချိန်ဆိုရင်တော့ နိုးနေလောက်ပီထင်တယ်...

'Happy One Month Anniversary pr Koko......love u koko😘😘😘'

သူ ကိုကို့ဆီ messageပို့ပီးတာနဲ့ ကိုကိုပြန်ပို့လာမယ့် စာကိုစောင့်နေလိုက်တယ်..............သူစောင့်နေတာကြာပေမယ့် ဘာမှလည်းပြန်မပို့လာဘူး.....သူ့စာကိုများ မတွေ့သေးလို့လားမသိဘူး...ဟုတ်မှာပါလေ...အလုပ်ရှုပ်နေလို့ phကို မကြည့်ဖြစ်သေးတာနေမှာ.... တကယ်လို့တွေ့ဖြစ်ရင်တော့ သူ့ကို စာပြန်ပို့မှာပါ......အဲ့လိုဘဲတွေးထားလိုက်ပီး သူလုပ်စရာရှိတာတွေဘဲလုပ်နေလိုက်တယ်..... ကျောင်းပိတ်လို့ အိမ်စာတွေလုပ်ပီးတော့ ၁၀နာရီတောင်ထိုးနေပီ...ဒီအချိန်လောက်ဆိုရင်တော့ ကိုကို သူပို့ထားတဲ့စာကို တွေ့လောက်ပါပီ..

ဘာလို့များ သူ့ဆီ ဘာမှပြန်မပို့လာတာလဲမသိဘူး...🤔🤔

သူ့ဆီကို စာပြန်မပို့နိုင်လောက်အောင် ဘာတွေများ လုပ်နေလို့လဲ...phဆက်ပီး မေးလိုက်တာဘဲကောင်းမယ်ထင်တယ်

...သူphဆက်ကြည့်ပေမယ့်.... ဘာတုန်းဟ ဘာလို့စတ်ပိတ်ထားတာလဲ....🙄ဒီနေ့က သူတို့ anniversary ဆိုတာ ကိုကိုမေ့နေတာလား...ဒါမှမဟုတ် သူနဲ့မဆက်သွယ်ချင်တော့လို့ဘဲ အခုလိုမျိုး စက်ပိတ်ထားတာလား...ဒါမှမဟုတ် တခုခုများဖြစ်နေတာလား....သူ့ခေါင်းထဲမှာ လား ပေါင်းများစွာနဲ့ စဉ်းစားရင်း စိတ်ပူလာတာနဲ့အမျှ ရင်ထဲမှာပါ တပြိုင်နက်တည်း ဝမ်းနည်းလာတယ်....😔😔😔

အဆုံးမဲ့ချစ်ခြင်း (Endless Love💗) Z+UniWhere stories live. Discover now