Part-48(Uni)

157 9 0
                                    

အခန်းထဲမှာ ထိုင်မရထမရဖြင့် သူ့ချစ်သူကိုစိတ်ပူနေသော ကောင်လေးတယောက်...သူ့ရဲ့လက်ချောင်းသွယ်သွယ်လေးများကလည်း ph screenပေါ်မှာသာ စုန်ချည်ဆန်ချည်လှုပ်ရှားနေသည်

'ကိုကိုရယ် ကျေးဇူးပြုပြီးphကိုင်ပါ'

နှုတ်ကလည်း တတွတ်တွတ်ရွတ်နေရင်းဖြင့် phခေါ်နေသော်လည်း သူခေါ်နေတဲ့ph လေးကတော့ ကိုင်သူမဲ့နေဆဲ...

ကျွတ်!!!

Kristဘယ်လိုမှနေလို့မရတော့ သူ့ရဲ့ စိုးရိမ်မှုဒီဂရီသည် တဖြည်းဖြည်းဖြင့်တိုးလာခဲ့သည်....

📲🎼🎼🎼

Kristလည်းရုတ်တရက်ကြီး ထမြည်လာတဲ့Phသံကိုကြားတာနဲ့ မြန်မြန်ကြည့်လိုက်တဲ့အခါ phပေါ်က နာမည်လေးကိုတွေ့လိုက်တော့သူ့မျက်လုံးအစုံဝိုင်းစက်သွားတော့သည်

'Koko💗💗'

Krist သူ့phကို အမြန်ဆုံးပြန်ဖြေလိုက်ကာ မေးခွန်းတွေတရစပ်မေးနေတော့သည်

မမေးလို့လဲမရဘူးလေ အခုသူအရမ်းကိုစိတ်ပူနေမိတာကိုး

'hello ကိုကို

အခုဘယ်ရောက်နေတာလဲ kit phဆက်တာကိုရော ဘာလို့မကိုင်တာလဲ အခုအိမ်မှာလည်းမရှိဘူးဆို ကိုကိုအခုဘယ်မှာတုန်း kitအရမ်းကိုစိတ်ပူနေတာနော်'

Kristဘက်ကသာ စကားတွေတရစပ်ပြော မေးခွန်းတွေမရပ်မနားမေးနေပေမဲ့ တဖက်ကတော့ ဘာမှပြန်မဖြေလာခဲ့

'ကိုကို kitမေးတာဖြေဦးလေကိုကို~~~'

ထိုသို့မေးလိုက်မှ တဖက်က အသံထွက်ပေါ်လာခဲ့သည်

ဒါပေမယ့် သူ့ချစ်သူရဲ့အသံချိုချိုလေးတော့မဟုတ်ခဲ့ပေ

'Krist Krist....ကျွတ် သနားလိုက်တာကွာ...'

'ခများ!!!!!'

Kristတဖက်မှပြန်ဖြေသူအသံကိုကြားလိုက်သည်နှင့်တပြိုက်နက် ဒေါသတို့က ကြီးစိုးလာခဲ့သည့်အပြင် စိုးရိမ်မှုတွေကပါ ဝင်ရောက်လာခဲ့တော့သည်

'ခများ ကျုပ်ချစ်သူရဲ့phကိုဘာလို့ကိုင်တာတုန်း'

'ရှင်းရှင်းလေးဘဲလေကွာ မင်းရဲ့ချစ်သူကြီးက ငါ့လက်ထဲရောက်နေလို့လေ ဟားဟား'

အဆုံးမဲ့ချစ်ခြင်း (Endless Love💗) Z+UniWhere stories live. Discover now