Part-12(Uni)

178 13 2
                                    

တခြားလူတွေ အိပ်ပျော်နေကြမယ့်ညလယ်လောက်မှာ ကျွန်တော်ကတော့တယောက်တည်း အိပ်ရာပေါ်မှာ လူးလှိမ့်နေပီးအိပ်မပျော်နိုင်ပေ...ဘာဖြစ်လို့လဲဆိုတော့ ဦးလေးကိုပြောချင်ရာတွေပြောခဲ့တဲ့အတွက် မျက်နှာချင်းမဆိုင်ရဲတာကြောင့်ရယ်....

ဦးလေးကိုတောင်
Singနဲ့ရင်းနှီးတာမကြိုက်တဲ့အတွက် အထင်လွဲပီးပြော မိတဲ့စကားတွေကြောင့် ရှက်နေတာကြောင့်အပြင် ညနေကတည်းက ဘာမှမစားရသေးတဲ့အတွက် ဗိုက်ထဲမှာလည်းဆန္ဒတွေပြနေပီလေ..

အခုလောက်ဆို ဦးလေး  များအိပ်နေပီလားမသိဘူး ည၁နာရီတောင် ထိုးတော့မယ် အိပ်လောက်ပီထင်တယ် ကုတင်ပေါ်ကနေ ဖြေးဖြေးလေး ထ တံခါးကိုနဲနဲဟပီး ဦးလေးအခန်းဘက် ကိုကြည့် လိုက်တော့ တံခါးပိတ်ထားတယ်

သေချာတယ်အဲ့ဒါဆို ဦးလေးအိပ်နေပီ 😁😁 ခြေဖွဖွလေးလျှောက်ပီး လှေကားပေါ်ကနေဆင်း မီးဖိုချောင်ထဲဝင် မီးဖွင့်လိုက် တော့...............

ဟ အမယ်လေးဗျာ..သရဲ!!!!!!!!!!

Uncle- အားးးးးး😱😱 ဘယ်မှာတုန်းသရဲ

Krist-aww ဦးလေးလား....လန့်သွားတာဘဲ သရဲထင်လို့😧😧

Uncle- ဘာ!!!!!လူကြီးကိုများသရဲထင်တယ်ပေါ့😣

Krist-မသိဘူးလေ.....မီးဖွင့်လိုက်တော့ရုတ်တရက်ကြီး ပေါ်လာတာကိုး.....😕ဦးလေးမှန်မှန်ပြော အမှောင်ထဲမှာ ဘာလုပ်နေတာတုန်း မဟုတ်မှလွဲရော မိန်းမခိုးပြေးမလို့လား😮😮

Uncle-Arr..ဒီကလေး ဘာတွေပြောနေတာတုန်း ငါ့ရေကရားထဲမှာရေကုန်နေလို့ ရေလာဖြည့်တာ ဘာတွေလာပြောနေတာတုန်း....

Krist-မသိဘူးလေဦးလေးကလည်း😅😅

Uncle- နေစမ်းပါဦး မင်းကရော ဘာလို့ဆင်းလာတာတုန်း

Krist-ဟီးဟီး ဗိုက်ဆာလို့😁😁

Uncle- ဆာမှာပေါ့ ညနေကဘာမှ မစားဘဲနဲ့ မပြောချင်လို့ကြည့်နေတာ သူပြောချင်ရာတွေဘဲ ပြောသွားပီးတော့😏😏

Krist-အယ် ဒီလိုပါဦးလေးရဲ့ အဲ့ဒါကဒီလိုရှိတယ်.... ဘလိုပြောရမလဲဆိုတော့ ကျွန်တော့်ရဲ့ဗိုက်က သစ္စာဖောက်တယ်ဗျ....😁

အဆုံးမဲ့ချစ်ခြင်း (Endless Love💗) Z+UniTempat cerita menjadi hidup. Temukan sekarang