Part-40(💚💚)

605 31 0
                                    

တိတ်ဆိတ်နေတဲ့ညအချိန် သူ့အခန်းပြတင်းကနေ အပြင်ဘက်ကိုလှမ်းကြည့်နေရင်း သူ့ချစ်သူရဲ့ နာမည်ကို တိုးတိုးလေးရေရွတ်နေတဲ့အချိန် သူ့ရဲ့အခန်းတံခါးကို တစုံတယောက်ခေါက်သံကိုကြားလိုက်ရတာကြောင့် မြန်ဆန်မှုမရှိသော ခြေလှမ်းတို့ဖြင့် အခန်းတံခါးကို သွားဖွင့်ပေးလိုက်သည်.....

'အကိုလေး......အောက်မှာ ထမင်းစားဖို့ အကိုလေးရဲ့အဖေ စောင့်နေပါတယ်'

'အွမ်း....ဆင်းလာခဲ့မယ်'

သူဖြေပြီးတာနဲ့ အခန်းထဲပြန်ဝင်ကာ အပေါ်ရုံအင်္ကျီတစ်ထည်ဝတ်ပြီး အောက်ထပ်ကိုဆင်းလာတဲ့အခါ ထမင်းစားခန်းမှာ ညစာစားနေတဲ့ သူ့အဖေကို တွေ့လိုက်ရသည်...

သူလည်း ဘာစကားမှ မပြောဘဲ သူ့အဖေရှေ့ကခုံမှာဝင်ထိုင်ရင်း အဆင်သင့်လုပ်ထားပေးတဲ့ညစာကိုဘဲစားနေလိုက်တယ်....... သူစားနေတာ တဝက်ကျိုးနေတဲ့အထိ သူ့အဖေဆီက ဘာစကားမှ ပြောသံမကြားရတာကြောင့် သူ့စိတ်ထဲမှာ နဲနဲတော့ထူးဆန်းနေသည်...😕😕

'Tay....'

'ဟုတ်'

နောက်ဆုံးတော့ သူ့အဖေရဲ့နှုတ်ကနေ သူ့နာမည်ခေါ်သံကိုကြားတော့ ချက်ချင်းပြန်ဖြေလိုက်တဲ့အခါ သူ့အဖေဆက်ပြောတဲ့စကားက

'ဟိုကောင်လေးနဲ့ မင်းအဆက်အသွယ်ဖြတ်လိုက်ပြီလား'

နှုတ်ကနေ ဘာစကားမှ မထွက်ဘဲ ပြန်မဖြေတဲ့သူ့ကို အဖေက မျက်ခုံးတဖက်ပင့်ကြည့်ရင်း

'ဘာမှ ပြန်မဖြေဘူးဆိုတော့ မင်းငါပြောသလိုမလုပ်သေးဘူးပေါ့....'

'ဟုတ်ကဲ့....'

'ဟုတ်ပီ...မင်းအခု အဖေစကားကိုနားမထောင်ဘဲ အဲ့ကောင်လေးကိုရွေးလိုက်တယ်ပေါ့'

'ကျွန်တော် သူ့ကိုတကယ်ချစ်မိသွားလို့ပါ....အဖေသိပါတယ် ကျွန်တော် အဖေ့စကားကိုဘယ်တော့မှမလွန်ဆန်ဘဲလိုက်နာခဲ့တယ်ဆိုတာ...အခုတခေါက်ကတော့ ကျွန်တော့်နှလုံးသားနဲ့သက်ဆိုင်နေတဲ့ကိစ္စမို့ပါ'

'သား အဖေပြောမယ် သားက မိန်းကလေးတိုင်းကြိုက်လောက်တဲ့ ယောကျာ်းလေးတယောက်ဘဲ....ကိုယ်ကြိုက်တဲ့မိန်းကလေးကိုကောက်ယူလို့ရတာကို ဒီလိုမျိုးယောကျာ်းလေးတယောက်ကို!!!သားအချစ်အတွက်နဲ့ ဒီလောက်ထိ မိုက်ရူးရဲမဆန်စမ်းနဲ့😑'

အဆုံးမဲ့ချစ်ခြင်း (Endless Love💗) Z+UniWhere stories live. Discover now