Part-44(💞💞💞)

733 42 0
                                        

မနက်မိုးလင်းလို့် မျက်စိနှစ်လုံးဖွင့်လိုက်တာနဲ့ ပထမဦးဆုံးမြင်လိုက်ရတဲ့သူကြောင့် Singtoမျက်နှာ၌ နှစ်လိုဖွယ်အပြုံးတစ်ခုက ဖြစ်တည်လာခဲ့သည်....

အချစ်ရဆုံးလူသားလေး၏ နဖူးပေါ်ဝဲကျနေသော ဆံပင်တချို့ကို သပ်တင်ပေးလိုက်ရင်း ပါးဖောင်းဖောင်းလေးကို နမ်းကြူလိုက်တော့ အိပ်ပျော်နေတဲ့လူသားလေးက 'အင်း...အဲ~~'ဆိုတဲ့အသံနဲ့အတူနိုးလာခဲ့သည်

'ကိုကို နိုးတာကြာနေပြီလား......'

'မကြာသေးပါဘူး...အခုဘဲနိုးလာတာ'

'aww...ဟုလား... ဝါးးးး '

နိုးနေတာကိုမထသေးဘဲ စောင်ခြုံထဲကနေ တဝါးဝါးသမ်းလျက် ပြောနေသည့် လိပ်ပေါက်လေး၏ပါးကို Singtoအားရပါးရဆွဲလိုက်တော့

'အ!!!!ကိုကိုနာတယ်လေ.... ဘာလို့ဆွဲတာတုန်း'

'ဆွဲချင်လို့ကို ဆွဲတာ....'

'ကိုကိုနော်..... kitကလူပါဗျ နာတယ်..သွေးနဲ့သားနဲ့တည်ဆောက်ထားတာ.. ကိုကို့အားကြီးနဲ့ လာဆွဲတော့ kitပါးက နုနုလေးလေ နာလိုက်တာ... နီရဲသွားပြီထင်တယ်
ဟွန့်!!!ကိုကိုအကျင့်မကောင်းဘူး'

မကျေနပ်ချက်တွေနဲ့ ပွစိပွစိနဲ့ရွတ်ရင်း ပြောနေတဲ့Kristကို Singto အတော်အသဲယားနေမိသည်...
ဒါကို ထိုလိပ်ပေါက်က မသိဘဲ နှုတ်ခမ်းတထော်ထော်နဲ့ ရန်တွေ့နေဆဲပင်
Singto၏ သမာဓိအားကို ထိုလိပ်ပေါက်လေးသည် သိသိရက်နဲ့ တမင်တကာ စမ်းနေသည့်အလားပင်

'အု!!!!အွမ်း~~ကိုကိုဘာလုပ်တာလဲ????'

Krist၏နှုတ်ခမ်းထော်ထော်လေးကိုကြည့်ရင်း မနက်ခင်းစောစောစီးစီး Singto၏ ထိန်းထားသည့်သမာဓိအားတို့သည် လည်း ပျောက်ချင်းမလှပျောက်သွားခဲ့ပြီ....

ထိုအချိန်မှာ Krist၏ စကားသံတို့ကလည်း ပျောက်ရှသွားခဲ့ပြီး Singto၏ အနမ်းများအောက်၌ ရုန်းမထွက်နိုင်အောင်နစ်မွန်းသွားခဲ့လေသည်...

နောက်ဆုံးတော့ လိပ်ပေါက်လေးKristသည် Singtoခြင်္သေံ့ကြီး၏ အစာဖြစ်ခဲ့လေပီ...

ပြင်းရှရှ အနမ်းများအောက်၌ အသက်ရှူသံပြင်းပြင်းတို့ကလည်း ထွက်ပေါ်လာမှုနဲ့အတူ ကောင်လေးနှစ်ယောက်၏ ရင်ခုန်သံ စည်းချက်တို့ကလည်း ထပ်တူကျနေလျက်ရှိသည်

အဆုံးမဲ့ချစ်ခြင်း (Endless Love💗) Z+UniМесто, где живут истории. Откройте их для себя