Part-45(Uni)

144 9 0
                                    

ကျောင်းပိတ်ရက်ဆို ကျောင်းသားတိုင်းကပျော်ရွှင်နေကြမြဲပါ သို့သော် ထိုအထဲတွင်တော့ Newမပါခဲ့

သူ ဒီကျောင်းပိတ်ရက်ကိုကြောက်မိနေခဲ့တာတော့အမှန်ဘဲ

ဒါပေမယ့်လည်း 'ငါယောကျာ်းလေးဘဲ လုပ်နိုင်တယ်' ဆိုပြီး အားတင်းထားသည်

.

.

မှန်ရှေ့မှာ အဝတ်အစားကို သေသေချာချာဝတ်နေရင်း လေပူတစ်ချက်ကိုအားရပါးရမှုတ်ထုတ်လိုက်တော့သည်....

ဒေါက်!!!ဒေါက်

'သားရေ Newအောက်မှာ Tayလေးရောက်နေပြီကွယ့် မြန်မြန်လုပ်'

'ဟုတ် ပြီးပြီ မေမေ'

Newလည်း အကုန်ပြင်ဆင်ပြီးတာနဲ့ သူ့အခန်းထဲကနေ ထွက်လာခဲ့ပြီး အောက်ထပ်ကိုဆင်းလာခဲ့လိုက်သည်

'အံမယ်... အမေ့သားလေးက အခုလိုကျတော့လည်း ကြည့်ကောင်းနေလို့ပါလား'

'ဟီးဟီး...'

Newသူ့အမေကို ရယ်ရုံသာရယ်ပြလိုက်ပြီး P'Tayဘက်ကိုကြည့်လိုက်တော့ သူ့ကိုအကြောင်လိုက် ငေးကြည့်နေတဲ့အတွက် Newပါးထက်မှာ ပန်းနုရောင်လှိုင်းကလေးက ဖြတ်ခနဲပြေးသွားခဲ့သည်

'အဟမ်း!!!!P~~P'Tayသွားရအောင်လေ'

'hum??အွမ်း.. သွားမယ်'

လည်ချောင်းတချက်ဟန့်ပြီး Newစကားစလိုက်မှဘဲ Tayတယောက်သတိပြန်ဝင်လာတော့သည်

သူသတိပြန်ဝင်လာတော့ Newအမေကလည်း သူ့ကို ကြည့်နေတဲ့အတွက်ကြောင့် သူမျက်နှာပူလာမိပြန်သည်

Newကိုငေးကြည့်နေမိတာ တအိမ်လုံးမှာ သူနဲ့ Newနှစ်ယောက်တည်းသာရှိနေတယ်လို့တောင် Tayထင်နေခဲ့မိသည်အထိပင်...

'အမေသားတို့သွားတော့မယ်နော်..'

'အင်း..ကောင်းကောင်းသွားကြနော်

သားTayလည်းကားဂရုစိုက်မောင်းနော်'

'ဟုတ်ကဲ့ဗျ'

Tayခမျာ ရှက်လွန်းလို့ Newအမေမျက်နှာကိုစေ့စေ့မကြည့်ရဲဘဲ အလိုက်သင့်ပြန်ဖြေကာ အိမ်ထဲကနေ အမြန်အပြင်ထွက်လာခဲ့တော့မှဘဲ သူ့မှာ အသက်ရှူချောင်တော့တယ်..

အဆုံးမဲ့ချစ်ခြင်း (Endless Love💗) Z+UniWhere stories live. Discover now