Part-47(💞💞)

660 30 0
                                    

တညလုံး နှစ်ခြိုက်စွာအိပ်မပျော်နိုင်တဲ့New တယောက် နောက်တစ်နေ့မနက်ခင်းကျပြန်တော့လည်း ၄နာရီမခွဲခင်ကတည်းက စောစီးစွာနိုးလာတဲ့အတွက် သူ့ရဲ့မွေးမိခင်ကတောင် အံ့သြရသည်အထိ

'ဒီနေ့တော့ ထူးထူးခြားခြားပါလား
အမေ့သားက အစောကြီးနိုးနေတယ် အရင်ဆိုဒီအချိန်အိပ်ရာထဲမှာ သိုးနေအောင် အိပ်နေတဲ့သူကဒီနေ့ကျမှ ဘာလို့အစောကြီးထတာတုံး'

'သားအိပ်မပျော်လို့ပါ အမေရ'

'အိပ်မပျော်လို့ သားကဘာလို့များ အိပ်မပျော်ရတာလဲ ပြောပါဦး'

'ဒီအတိုင်း အိပ်မပျော်တာပါ'

'ဟုလို့လား သားရယ်'

'ဟုတ်တယ် မေမေရဲ့ '

အမှန်တော့ Newအိပ်မပျော်ရခြင်းက ညကသူ့ဆီ Tayပို့လာတဲ့ messageကြောင့်ပင်

'Newကို Pပြောစရာရှိတယ် မနက်ဖြန်မနက် Newလေးအိမ်လာခဲ့မယ်'

ဒီmassageတစ်စောင်က Newကိုအတွေးများစေခဲ့တယ်
မနေ့က Tayအဖေနဲ့ တွေ့ခဲ့ရတဲ့အတွက် Tayအဖေရဲ့ သဘောဆန္ဒကိုများP'Tayသိနေလို့များလား...
သူတို့ချစ်သူနှစ်ယောက်ကို သဘောတူတာလား ဒါမှမဟုတ်ရင် သဘောမတူလို့များလား
တကယ်လို့ သဘောတူတယ်ဆိုရင်တော့ P'Tayကသူ့ကို သိသိချင်းဝမ်းသားအားရနဲ့ ပြောပြပေလိမ့်မည်
အခုတော့ ဘာမှလည်းမပြောဘဲ အခုလိုmassageတစ်စောင်နဲ့ ပြောစရာရှိတယ်လို့ဘဲပို့ထားတော့ Newစဉ်းစားရခက်နေလေပြီ..မကောင်းတဲ့သတင်းမိုလို့P'Tayကသူ့ကိုပြောဖို့အားနာနေလို့များလား...

'သား...သားNew'

'ဗျာ!!!'

'အဲ့မှာ ဘာရပ်လုပ်နေတာလဲ သွား မျက်နှာသစ် သွားတိုက်တော့'

'ဟုတ်ကဲ့'

Newအဲ့အချိန်ကျမှ သူမျက်နှာတောင်မသစ်ရသေးဘူးဆိုတာသတိရမိတော့သည်...

'အစောကြီးထပြီး ဘာတွေများလုပ်နေပါလိမ့်နော် ငါလည်းတကယ်ဘဲ'

သူ့ပါးစပ်ကနေ တိုးတိုးလေးပြောကာ သူ့အခန်းထဲဝင်ပြီး မျက်နှာသစ်သွားတိုက်လုပ်ငန်းကိုစတင်ရတော့သည်...
.
.
.
.
.
'သားရေ....ပြီးရင် မေမေ့ဆီလာခဲ့ဦး'

အဆုံးမဲ့ချစ်ခြင်း (Endless Love💗) Z+UniWhere stories live. Discover now