Part-23(Uni)

172 11 0
                                    

ဟူး....မောလိုက်တာကွာ..ကျောင်းကနေ အိမ်ထိပြေးလာရတာ ငါလည်းနော် Taxiငှါးလည်းရတာဘဲကို အခုလိုမျိုး ပြေးလာရတယ်လို့😌😌😌 မတတ်နိုင်ဘူးလေ ကျွန်တော်က အရမ်းရှက်နေတာကိုး....အမယ်လေးနော်..ကိုကိုတဲ့ ငါဘာလို့ Singကိုအဲ့လိုကြီးခေါ်ခဲ့မိတာလည်းမသိဘူး...မခေါ်ခဲ့ရင်အကောင်းသား...အခုတော့ ရှက်ရှက်နဲ့မောမောဖြစ်နေပီ...

"Krist...အိမ်ထဲမဝင်ဘဲ အရှေ့မှာဘာတွေပွစိပွစိရွတ်နေတာတုံး😕"

"aww..ဦးလေးရှိနေတာလား..မတွေ့မိဘူး..ကျွန်တော်ဘာ မှ ပွစိပွစိမရွတ်ပါဘူး😅"

"အွမ်း..ဘာတွေတွေးနေမှန်းမှမသိတာ..အခုကမ်းခြေသွားတာ..ပျော်ခဲ့လား..ဘလိုလဲ"

"ပျော်..ပျော်ပါတယ်ဦးလေးရဲ့..သူငယ်ချင်းတွေနဲ့သွားတာဆိုတော့ ပျော်ဖို့ကောင်းတယ်..အတွေ့အကြုံသစ်တွေလည်း ရခဲ့တယ်လေ😅"
(ဘာအတွေ့အကြုံပါလိမ့်နော်😌😌)

"ပျော်တယ်ဆိုလည်းပီးတာဘဲ..ငါကမင်းအဆင်ရောပြေပါ့မလားလို့..."

"ပြေတယ်ဦးလေး..ပြေတာမှ တော်တော်ကိုပြေတာ..😄"

"အဲ့ဒါဆိုရင်နားလိုက်တော့လေ..ဦးလေးကုမ္ပဏီသွားဖို့ ရှိ တယ်...မင်းရောက်မှာမိုလို့ မသွားသေးဘဲစောင့်နေတာ"

"aww...ဟုတ်ဦးလေး..အဲ့ဒါဆိုရင် အပေါ်တက်တော့မယ်"

ဦးလေးနဲ့စကားပြောပီး ကျွန်တော့်အခန်းဆီတက်သွားလိုက်တယ် လွယ်အိတ်ပစ်ချပီး ကုတင်ပေါ်မှာ အားရပါးရ လှဲချလိုက်တယ်....

"အားးးးကောင်းလိုက်တာ...အခုမှဘဲအညောင်းပြေသွားတော့တယ်😊"
ကျွန်တော်တောင် ဒီလောက်ညောင်းနေတာ Singဆိုရင် ဘလောက်များညောင်းနေမလဲမသိဘူး..ကျွန်တော်ကသူ့ကိုတလမ်းလုံး မှီပီးအိပ်နေခဲ့တာဆိုတော့ သူ့ခမျာ တော်တော် ညောင်းနေရှာမှာ....အခုချိန်လောက်ဆို Singဘယ်မှာများ ရှိနေမလဲမသိဘူး...ဆေးရုံမှာလား အိမ်မှာလား...အိပ်ရာပေါ် မှာလှဲပီး Singအကြောင်းကိုစဉ်းစားနေရင်း
📲🎶🎶🎶
Ph..Screenမှာပေါ်နေတဲ့နာမည်က Sing..❤

"ဟင်..Singပါလား..သူငါ့စိတ်ကိုများသိနေတာလားမသိဘူး😮😮"
ကျွန်တော်လည်းphကိုင်လိုက်တော့...
"hello"

အဆုံးမဲ့ချစ်ခြင်း (Endless Love💗) Z+UniWhere stories live. Discover now