Part-52(💘💘)

796 41 0
                                    

မနက်ခင်းစောစောစီးစီး မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် Singtoရဲ့ မျက်ခုံးနှစ်ဖက်တို့ကထိလုနီးပါးပင်ဖြစ်နေသည်

လက်ထဲမှာ စားဖို့ယူလာတဲ့စားစရာနဲ့အအေးကို ကျစ်ကျစ်ပါအောင်ကိုင်ပြီး Kristထိုင်နေတဲ့ဝိုင်းကိုသွားလိုက်ကာ ထိုင်လိုက်သည်...

'Krist...ငါပြောတာကိုနင်ဘလိုသဘောရလဲဟင်'

Singtoသူ့ချစ်သူရဲ့ရှေ့မှာ ထိုင်ပြီး ပြောလာတဲ့ ကောင်မလေးကိုတချက်ကြည့်ပြီး ဘာမှမသိသလိုနေကာ လက်တစ်ဖက်ကလက်သီးကိုတင်းနေအောင်ဆုပ်ထားလိုက်သည်

'အယ်..ဟို ငါတောင်းပန်ပါတယ် ငါကလေ...'

'ဘာလို့လဲ နင်ငါ့ကို မချစ်နိုင်ဘူးလို့ပြောမလို့လား'

Kristအတော်ကိုစိတ်ရှုပ်လာမိပြီ....Singtoစားစရာသွားမှာနေတုန်း ဘယ်သူမှန်းမသိတဲ့ကောင်မလေးတစ်ယောက်က သူ့ကိုချစ်စကားလာပြောနေသည်...ကန်တင်းမှာလည်းဖြစ် မိန်းကလေးတစ်ယောက်လည်းဖြစ်သည့်အတွက် ရှက်သွားမှာစိုးလို့ သူအတတ်နိုင်ဆုံးထိန်းပြောနေရသည်...သို့သောထိုကောင်မလေးကတော့ သူ့ကိုပြန်ပြောခွင့်တောင်မပေး..... သူကဘဲ ဇွတ်ပြောနေတော့သည်....အခုဘေးနားမှာရှိနေတဲ့ Singရဲ့စိတ်အခြေအနေကိုလည်း Kristရိပ်မိနေသည့်အတွက် စားပွဲခုံအောက်မှာရှိနေတဲ့ Singရဲ့ ဆုပ်ထားတဲ့လက်သီးအပေါ်ကို သူ့ရဲ့ လက်ချောင်းသွယ်သွယ်လေးတွေနဲ့ ထပ်ပြီးကိုင်ထားလိုက်သည်

'နင်တကယ်လို့ ငါ့ကိုမချစ်နိုင်ဘူးဆိုလည်း နင်ငါ့ကိုချစ်လာတဲ့အချိန်အထိ ငါစောင့်နေပါ့မယ်....
ငါကလေ နင်ဒီကျောင်းကိုရောက်လာကတည်းက စိတ်ဝင်စားပြီး ချစ်နေခဲ့မိတာပါ...တချိန်လုံးနင့်ကိုဘဲ အမြဲလိုက်ကြည့်နေခဲ့တာပါ...ငါနင့်ကိုအရမ်းချစ်လွန်းလို့ အခုလိုမျိုး အရဲစွန့်ပြီး ငါ့ဘက်ကစပြောရတာပါ ငါ့ကိုနင်စဉ်းစားပေးပါနော်'

'တောင်းပန်ပါတယ် ငါကလေ...'

'နင်ကတကယ်ဘဲ kitကိုတချိန်လုံးလိုက်ကြည့်နေတာပေါ့ ဟုတ်လား?'

Kristစကားမဆုံးခင် ဝင်မေးလာတဲ့ Singtoဆီကို Kristနဲ့ ကောင်မလေးရဲ့အကြည့်က ရောက်လာတော့သည်..

အဆုံးမဲ့ချစ်ခြင်း (Endless Love💗) Z+UniWhere stories live. Discover now