Part-14(Uni)

166 15 2
                                    

ကျွန်တော်တညလုံး Singပြောတဲ့စကားကိုစဉ်းစားလိုက် မဟုတ်တရုတ်အတွေးတွေနဲ့ စိတ်ကူးယဉ်ပီး တော်တော် နဲ့အိပ်မပျော်ခဲ့ဘူး

ဒီနေ့က ကျောင်းဖွင့်တယ်ဆိုတော့ Singနဲ့ကျောင်းမှာတွေ့ရင်ဘလိုမျက်နှာချင်းဆိုင်ရမလဲ Singက သဘောရိုးရိုးနဲ့ပြောတာဘဲနေမှာပါ ငါကသာ လျှောက်စဉ်းစားနေတာ ဟုတ်တယ် Singကသူပြောတဲ့ စကားရဲ့အဓိပ္ပါယ်ကိုတောင် သေချာသတိထားမိမှာ မဟုဘူး Singလိုလူတယောက်က ငါ့ကိုချစ်မှာလည်း မဟုလောက်ဘူး

ဘာဘဲဖြစ်ဖြစ် အရင်တိုင်းကလိုဘဲ Singနဲ့ခင်မင်ချင်တယ်........Kristမင်းရဲ့မဟုတ်တဲ့ အတွေးတွေကို ခေါင်းထဲကထုတ်လိုက်တော့ ဘယ်တော့မှဖြစ်လာမှာလည်းမဟုဘူး😞😞😞

အတွေးများစွာနဲ့ အိပ်ရာထဲကထ ရေချိုးအဝတ်အစား လဲပီး ကျောင်းသွားဖို့ပြင်လိုက်တယ် အကုန်လုံး ပြင်ဆင်လို့ပီးတော့ breakfastစားဖို့အောက်ထပ်ကို ဆင်းလာခဲ့တယ်

Uncle-Krist စားပီးတာနဲ့ကျောင်းတန်းသွားတော့ မှာလား

Krist-ဟုတ် ဦးလေး ဘာဖြစ်လို့လဲ

Uncle- awwဦးလေး ညက အလုပ်လုပ်နေတာ နဲနဲကျန်သေးလို့ အဲ့ဒါ၁၀မိနစ်လောက်ဘဲ ကြာမှာ ခဏလောက်စောင့်ပေးမလား

Krist-ရပါတယ်ဦးလေးရယ် အခုမှ အစောကြီးရှိသေး တယ် အေးဆေးလုပ်ပါ

Uncle-အေအေ အဲ့ဆိုစားရင်းနဲ့စောင့်နေနော် ဦးလေး လုပ်လက်စအလုပ်ဆက်လုပ်လိုက်ဦးမယ်

Krist-ဟုတ်
{အခုမှ ၇နာရီထိုးပီးလောက်ဘဲရှိသေးတယ် Singကလဲ အခုချိန်ဆိုကျောင်းလာဦးမှာမဟုတ်ပါဘူးလေ.........
ငါလည်း ကိုယ့်အတွေးတွေကိုယ်ထိန်းချုပ်ဖို့ အချိန်ရသွား တာပေါ့}
.......................................................................
ကျွန်တော်ဒီနေ့ဆေးရုံကနေ အစောကြီးထွက်ခဲ့တယ် ဘာလို့လဲဆိုတော့ ကျောင်းကိုစောစောသွားမလို့လေ kitကိုတောင်းပန်ချင်လို့ နောက်ကျနေရင် မတောင်းပန် လိုက်ရမှာစိုးလို့ပါ အကိုကလည်း ကျွန်တော့်ကို သူ့အခြေအနေက ခြေထောက်ကလွဲပီး အားလုံးနီးပါး ပြန်ကောင်းနေပီ ဆိုတော့စိတ်ပူမနေနဲ့ သွားစရာရှိတာ သွားတဲ့.....

ကျွန်တော်ကကျောင်းကိုရောက်တော့အတန်းထဲမှာkitကိုလိုက်ရှာပေမဲ့ မတွေ့ဘူး အတန်းထဲမှာလည်း လူကနဲနဲဘဲရောက်သေးတယ် Newတို့pinkတို့ကိုတောင်မတွေ့ဘူး ကျွန်တော်ဘဲ အရမ်းစိတ်လောနေမိတယ်ထင်တယ်............

အဆုံးမဲ့ချစ်ခြင်း (Endless Love💗) Z+UniWhere stories live. Discover now