Part-18(Uni)

165 13 0
                                    

Pink Pov:
တကောင်နဲ့တကောင်အရမ်းချစ်ပီး ပျော်မြူးနေတဲ့ အချစ်ငှက် နှစ်ကောင်ကိုတွေ့ရင် လူတွေက အားကျပီး ကြည်နူးနေကြမှာပေါ့.....ဒါပေမယ့် အခုချိန်မှာ ကျွန်မ မျက်စိရှေ့မှာ မြင်နေရတဲ့အချစ်ငှက်နှစ်ကောင်ကိုကြည့် ပီး ကျွန်မကြည်နူးမနေနိုင်ဘူး.......ဘာလို့လဲဆိုတော့ အခုကျွန်မရှေ့မှာမြင်နေရတာက ကျွန်မအရမ်းချစ်ရတဲ့ သူနဲ့ ကျွန်မအရမ်းမုန်းနေတဲ့သူ.....Singနဲ့Krist....
Singနဲ့ကျွန်မနဲ့က အခုချိန်မှာ ချစ်သူရည်းစားတွေ မဟုတ်ပေမယ့် Singနဲ့ပတ်သက်ရင် အရာအားလုံးကို ကျွန်မသိချင်တယ်.....Singရဲ့ရင်ထဲမှာဘသူရှိနေလဲ ဆိုတာ သိချင်တယ်.....အခုနောက်ပိုင်း Singရဲ့ အကြည့် အပြောအဆို အပြုအမူတွေက တစုံတယောက် နဲ့ပတ်သက်လာရင် အရမ်းကိုနူးညံသိမ်မွေ့လာတယ် Singကိုဒီလောက်ထိပြောင်းလဲသွားအောင် လုပ်နိုင်တဲ့ သူကိုတော့ချီးကျူးကြမှာပေါ့ ဒါပေမယ့် ကျွန်မမချီးကျူး နိုင်ဘူး...ကျွန်မသူ့ကိုမနာလိုတယ်.... ကျွန်မ Sing ဆီ ကမရတဲ့ အပြုံးတွေ အကြည့်တွေ ဂရုစိုက်မှုတွေကို သူကရနေတယ်လေ....ကျွန်မသူ့ကိုလုံးဝ မကျေနပ်ဘူး

"Sing......"

"Aww Pink....ဘာလဲ"

"Singကို Newလိုက်ရှာနေတယ်.."

"Hum!!!အခုလား...."

"အွန်း....ဘာဖြစ်လို့လဲ လုပ်စရာရှိလို့လား..."

"မရှိပါဘူး...Kristကတယောက်တည်းဖြစ်နေမှာစိုးလို့ လေ"

"Singရယ်....Kristကိုဘသူကဘာလုပ်မှာမိုလို့လဲ"

"အဲ့လိုတော့မဟုတ်ပါဘူး....ဒီအတိုင်း စိတ်မချလို့ပါ"

"...........😒😒😒"

တော်တော်လေးကို စိတ်မချဖြစ်နေတယ်ပေါ့ စိတ်မချဖြစ်ရအောင် Singအတွက် သူက ဘာမိုလို့လဲ......

"ရပါတယ် Singသွားစရာရှိတာသွားပါ....."

"ရလို့လား....Kitအဆင်ပြေပါ့မလား"

"ပြေပါတယ်....😊😊😊ဒီမှာလေ ပြုံးပြမယ်
ရပီလား"

"ဟားဟား...ဟုပါပီကွာ ဒါဆိုကိုယ်သွားတော့မယ်"

ကျွန်မ ရှေ့မှာတောင် အခုလိုပြောနေကြတာ...
ကျန်တဲ့အချိန်ဆို ဘလိုများပြောနေကြမလဲမသိဘူး....
ဒီလိုပုံစံကိုမြင်မိတိုင်း ကျွန်မရင်ထဲမှာလည်း ပိုပိုပီး ပူလောင်နေမိတယ်....

အဆုံးမဲ့ချစ်ခြင်း (Endless Love💗) Z+UniWhere stories live. Discover now