Part-37(Uni)

107 6 0
                                    

သာယာနေတဲ့ စနေနေ့ရဲ့ ရာသီဥတုနဲ့ဆန့်ကျင်စွာ....ခမ်းနားကြီးကျယ်တဲ့ အိမ်ကြီးတလုံးရဲ့ အခန်းတခန်းထဲမှာတော့ နူးညံ့အိစက်နေတဲ့မွေ့ယာပေါ်က ခေါင်းအုံးတခုလုံး မျက်ရည်စက်တွေနဲ့ စိုရွှဲကာ ခန္ဓာကိုယ်ကို ကွေးကွေးကလေး လှဲလျောင်းနေတဲ့ ကောင်လေးတယောက်ရှိနေခဲ့သည်~~~~~~

'ကံကြမ္မာရယ် ငါတို့ကြား ဘာကြောင့်များ ဝေးကွာစေရက်သလဲ. ...... 🎵🎵

ဒီအချစ်များ မဖျောက်ဖျက်နိုင်ပါ....

အတွေးထဲမှာမင်းပုံရိပ်တို့ ပေါ်လာတိုင်း....

နှလုံးသားက နာကျင်စွာခံစားရ~~~~~🎶🎶'

သူ့ရင်ထဲမှာ ခံစားနေရတဲ့ နာကျင်မှုတွေက သီချင်းတွေအဖြစ်နဲ့ Tayရဲ့ငိုထားလို့ အားတွေဆုတ်ယုတ်နေတဲ့ နှုတ်ဖျားကနေ တိုးတိုးလေးထွက်လာခဲ့တယ်......😔😔

သူ့ကုတင်ဘေးက စားပွဲခုံပေါ်မှာရှိနေတဲ့ နာရီကို လှဲနေရင်း မော့ကြည့်လိုက်တော့ ၈:၄၀......ဒီအချိန်ဆို သူ့ရဲ့ Newလေး ဘာတွေများလုပ်နေပါလိမ့်.....အိပ်ရာကနေရော ထနေပီလား....မနက်စာရောစားပီးပီလားမသိဘူး....အခုလိုဖြစ်နေတဲ့ အချိန်မှာတောင် သူ့အတွေးထဲမှာ Newကအမြဲတမ်း ဝင်ရောက်နေတုန်းဘဲ....ဒါနဲ့များ သူ့အဖေက Newနဲ့ ချစ်သူဖြစ်တာသိသွားပီး ဖြတ်စေချင်နေတယ်....သူတို့ရဲ့ အချစ်က အခုမှ စတင်ရုံဘဲရှိသေးတယ်..... ပြတ်စေချင်နေကြပီ.....

သူ Newနဲ့သာ ပြတ်သွားခဲ့ရင် သူ့ဘဝကြီးတခုလုံးလည်းရှင်လျက်နဲ့သေသွားလိမ့်မယ်ဆိုတာသူသိတယ်......သူတို့နှစ်ယောက်ရဲ့ အချစ်ကိုဘယ်တော့မှ အဆုံးမသတ်နိုင်င်ဘူး.......အဲ့လိုအတွေးတွေနဲ့ တွေးနေရင်းလှဲနေရာကနေ ရုတ်တရက်ထကာ သွားတိုက်မျက်နှာသစ် အဝတ်အစားလဲပြီးကားသော့ကိုယူကာဘသူ့ကိုမှမပြောဘဲ အိမ်ကထွက်လာခဲ့တယ်...ကားလေးရဲ့ဦးတည်ရာကတော့ သူ့ချစ်ရသူရှိနေတဲ့ နေရာလေးတခုစီကိုပေါ့.....🚗.......🚗......🚗....

------------------/------------------/--------------------

သီချင်းလေးတအေးအေးနဲ့ ရေချိုူးပြီးပြန်ထွက်လာတဲ့အခါ ပြတင်းတံခါးကနေ အပြင်ကိုကြည့်လိုက်တော့....

'Arr...ဒီနေ့ရာသီဥတု တော်တော်သာယာတာဘဲ.....နေလို့ထိုင်လို့ ကောင်းလိုက်တာ...😊😊😊'

အဆုံးမဲ့ချစ်ခြင်း (Endless Love💗) Z+UniWhere stories live. Discover now