Part-49(💚💚💚)

795 40 0
                                    

ဖြာကျနေသော လရောင်အောက်ရှိ ဆေးရုံခန်းလေးတခန်းက ကုတင်လေးတခုပေါ်မှာတော့ ကောင်လေးတစ်ယောက် နာကျင်မှုတွေနဲ့ နိုးထလာခဲ့သည်...ထိုကောင်လေးရဲ့ဘေးမှာတော့ နှစ်ခြိုက်စွာ အိပ်မောကျနေသော နောက်ထပ်ကောင်လေးတစ်ယောက်...

Singtoသူ့မျက်လုံးများကိုအားယူဖွင့်လိုက်တဲ့အခါမှာတော့
တဖြည်းဖြည်းနဲ့ အရာအားလုံးကိုရှင်းရှင်းလင်းလင်း မြင်လာတော့သည်...

သူ့ရဲ့အကြည့်တို့က မျက်နှာကြက်ပေါ်ကနေတဆင့် တဖြည်းဖြည်း သူ့ဘေးနကိုကြည့်မိလိုက်တော့ ကလေးတစ်ယောက်သဖွယ် အပြစ်ကင်းစင်စွာ အိပ်ပျော်နေတဲ့ သူ၏ချစ်သူ Krist Perawat...

Kristသူအိပ်ပျော်နေပေမယ့်လည်း သူ့လက်တွေကတော့ Singtoရဲ့လက်ကိုခိုင်မြဲစွာဆုပ်ကိုင်ထားဆဲပင်
.
.
.
Singto ဒီမနက် Kristဆီကိုသွားနေတုန်း လမ်းတစ်ဝက်နားလေးမှာဘဲ နောက်ကနေ သူ့မျက်နှာကို လက်ကိုင်ပုဝါတစ်ခုနဲ့ပိတ်အုပ်ခံလိုက်ရသည်.... အဲ့နောက် သူလည်းလောကကြီးနဲ့ ခေတ္တခဏအဆက်အသွယ်ပြတ်သွားပြီးတဲ့နောက် သူ ပြန်သတိရလာတော့ သူက ဂိုထောင်ဟောင်းကြီး တစ်ခုထဲ၌ရောက်နေခဲ့သည်....
ဒါဘယ်နေရာကြီးတုန်း???
ငါကဘလိုလုပ် ဒီနေရာကိုရောက်နေတာလဲ???
သူ တွေးနေစဉ်မှာဘဲ လူသုံးယောက်က သူ့ရှေ့ရောက်လာပြီး အလယ်ကတယောက်က ရှေ့ထွက်လာကာ

'အခုလိုပုံစံမျိုးနဲ့တွေ့ရတာဝမ်းသာပါတယ်နော် Singto Prachaya'

အခုလိုပုံစံမျိုး ဘာကိုအခုလိုပုံစံမျိုးတုန်း Singtoလည်း အဲ့အချိန်မှ သေချာသတိထားကြည့်မိတော့ သူ့ရဲ့လက်တွေကို ဘာမှပြန်မလုပ်နိုင်အောင် တိုင်မှာကြိုးနဲ့ချည်ထားတာဘဲ..
ဒီကောင်တွေကဘာလိုချင်လို့ ငါ့ကိုဒီလိုလုပ်ထားရတာလဲ

'ခများကဘသူတုန်း??'

'awwဟုသားဘဲ မိတ်ဆက်ဖို့မေ့နေတာ
ငါ့နာမည်က Jane... Kristရဲ့အကိုပေါ့'

ထိုအခါမှ သူ့ရှေ့မှာရပ်နေတဲ့သူကဘသူမှန်း Singtoသိလိုက်တော့သည် လတ်စသတ်တော့ သူ့အကိုကို ဒုက္ခိတဘဝဖြစ်အောင် လုပ်သွားတဲ့အကောင်ကိုး....

'အကိုလို့နာမည်ခံရဲတယ်ပေါ့
အရှက်မရှိလိုက်တာ'

မတိုးလွန်း မကျယ်လွန်းသောအသံဖြင့် တည်တည်ငြိမ်ငြိမ် ပြောလိုက်တဲ့ Singtoစကားကြောင့် Janeတယောက်ဆွေ့ဆွေ့ခုန်သွားတော့သည်

အဆုံးမဲ့ချစ်ခြင်း (Endless Love💗) Z+UniWhere stories live. Discover now