Part-21(First Kiss💋💋)

1.1K 55 0
                                    

ကျွန်တော် ကော်ဖီဆိုင်မှာအလုပ်လုပ်တာ အခုဆိုရင် တော်တော်ကြာ
နေပီ..သူဌေးကလည်းအရမ်းသဘော ကောင်းတယ်...ကျွန်တော့်ကိုအလုပ်ကြိုးစားလို့ဆိုပီး Bones တွေလဲပေးတယ်လေ..အကိုကတော့ ကျွန်တော့်အတွက်ဂုဏ်ယူနေတာပေါ့..ကျောင်းစာရော အလုပ်မှာရော ထူးချွန်နေလို့လေ...စာမေးပွဲကလည်း ဖြေပီးတာ ၂ရက်လောက်ကြာပီ...အခုဆရာက ကျွန်တော်တို့ကို ပြောစရာရှိတယ်ဆိုပီး ကျောင်းကို စောစောခေါ်ထားတယ်လေ.....ဘာပြောမလို့လဲမသိဘူး

"ကဲ.... အခု ဆရာပြောမှာကိုသေချာနားထောင်ကြနော်
ဆရာတို့ စာမေးပွဲ ဖြေပီးပီဆိုတော့ကျောင်းသားတွေ အားလုံးအတွက် ခရီးလေးတခုစီစဉ်ထားတယ်....သိချင်ကြလား"

"သိချင်ပါတယ်😁😁😁"

ခရီးဆိုတော့ အကုန်လုံးကစိတ်ဝင်စားတာပေါ့ အကုန်လုံးပြိုင်တူ တသံတည်းဖြေလိုက်ကြတယ်လေ...
ဒါမျိုးဆိုတိုင်ပင်စရာမလိုပါဘူး😂😂

"ဟုပီ ဆရာတို့သွားမှာက ကမ်းခြေတခုကိုပါ ကျောင်းက ကားစီစဉ်ပေးမယ် အဲ့တာသွားဖို့ လိုအပ်တာတွေ ပြင်ဆင် ထားကြပါ"

"Wow.....😄😄😄"

အတန်းထဲက သူတွေအကုန်လုံး တဝိုးဝိုးနဲ့ထအော်နေကြတယ် ဒီလိုအချိန်က အကုန်လုံးပျော်ကြမှာဘဲလေ ပထမနှစ်ဝက်အတွက်စာမေးပွဲဖြေပီးပီဆိုတော့လူလည်း ခေါင်းဆေးဖို့လိုနေကြပီလေ..ကျွန်တော်လည်းသူဌေးကို ခွင့်တောင်းပီးသွားရမှာဘဲ..ကမ်းခြေတောင်မရောက်တာ
တော်တော်ကြာနေပီလေ...

"ဆရာ ဟိုသွားမယ့်နေ့ကဘယ်နေ့တုန်း"

"အေ ဆရာတို့မနက်ဖြန်မနက်၇နာရီလောက်သွားမလား လို့ အဲ့တာ 
ကြောင့်မို့ဒီနေ့စောစောခေါ်လိုက်တာပြင်ဆင်စရာရှိတာတွေ
ပြင်ဆင်နိုင်အောင်လို့လေ"

"ဟား....သွားရတော့မယ်ကွ😁😁"

ကျောင်းသားတွေအကုန်လုံးအသံစုံအော်ပီး ပျော်နေကြ ပေမယ့်
kristသူတယောက်တည်းမပျော်နိုင်ဖြစ်နေတယ် မနက်ဖြန်က သူ
့မွေးနေ့ဘဲ ၁၀လပိုင်း၁၈ရက်နေ့ အစက Singတို့သူငယ်ချင်းတွေကို အိမ်ခေါ်ပီး မွေးနေ့ပွဲ လုပ်ဖို့ စဉ်းစားထားတာ..အခုတော့...မတတ်နိုင်တော့ဘူးလေ သူတို့ကိုလည်းငါ့မွေးနေ့အကြောင်းမပြောရသေးဘူးဆို တော့ ပြန်လာမှဘဲ ပြောပြပီး တခုခုဝယ်ကျွေးလိုက်ပါ မယ်လေ😞😞😞
"ကဲ့အခု ၄အုပ်စုခွဲမယ် ပန်းရောင်ရယ် အနီရယ် အပြာရယ် အဝါရယ်..အဲ့တော့မဲနှိုက်ကြမယ် အရောင်တူကျတဲ့သူကတသင်း တည်းပေါ့ တူတူသွား တူတူနေကြရမှာ"

အဆုံးမဲ့ချစ်ခြင်း (Endless Love💗) Z+UniWhere stories live. Discover now