Part-17

814 47 0
                                    

Kristသူ့အိပ်ရာထဲမှာ လှဲနေရင်းအတိတ်က အဖြစ် အပျက်တချို့ကိုပြန်မြင်ယောင်နေမိတယ်.........
အဲ့အချိန်တုန်းက အဖြစ်အပျက်တွေကိုသူ ပြန်တွေး မိတိုင်း သူ့ရဲ့ဒေါသတွေကတလိပ်လိပ်တက်လာဆဲဘဲ
ငယ်ငယ်လေးကတည်းက လူတိုင်းကိုအကောင်းမြင်ပီး နားလည်ပေးတတ်တယ်......ဘသူ့ကိုမှသူမမုန်းခဲ့ဖူးဘူး စိတ်ဆိုးလည်းခဏတာဘဲ ဒါပေမယ့် ချွင်းချက်အနေနဲ့ သူအမုန်းဆုံးလူတယောက်တည်းဘဲရှိခဲ့ဖူးတယ် မုန်းတာ ထက်ကိုပိုတဲ့သူဆိုပီး ပြောရင်လည်းမမှားနိုင်ဘူး........
ဘာလို့လဲဆိုတော့...................

3 years ago,
မီးအမှောင်ချထားတဲ့အခန်းလေးထဲမှာ ကောင်လေးတစ် ယောက် အသံတိတ်ငိုကြွေးနေတယ် ငိုထားလို့ အဲ့ကောင်လေးရဲ့ မျက်လုံးဝိုင်းဝိုင်းလေးတွေက နီရဲပီး ဖောင်းမို့နေတယ်......ဒါပေမယ့် သူ့ရဲ့ရှေ့က စားပွဲပေါ် မှာ ထောင်ထားတဲ့ဓာတ်ပုံထဲက လူကြီးတယောက်က တော့ ငိုနေတဲ့ကောင်လေးကိုပြုံးပြုံးလေးကြည့်နေလေရဲ့

"ဖေဖေ~~~"

Kristသူ့ရဲ့ဘဝမှာအမေကိုကောင်းကောင်းမမြင်လိုက် ရတဲ့အပြင် သူ့ကိုကျွေးမွေးစောင့်ရှောက်ထားတဲ့ သူ့ရဲ့ အဖေကလည်းခုတော့သူ့ဘဝထဲကနေ ထွက်သွားလေပီ

"ဖေဖေ..ဘာလို့ကျွန်တော့်ကို အခုလိုမျိုးတယောက် တည်းထားသွားတာလဲ....မေမေမရှိတော့ပေမယ့် ဖေဖေကတော့ ကျွန်တော်နဲ့အချိန်အကြာကြီး အတူတူ နေသွားလိမ့်မယ်လို့ထင်ထားတာ..........အခုတော့ ကျွန်တော်တို့မိသားစုမှာ ကျွန်တော်တယောက်တည်း ရှိတော့တယ်...အဟက်...ကျွန်တော်တခု မေ့သွားတယ် ဖေဖေကျွန်တော့် ကိုတယောက်တည်းထားခဲ့တာမှ မဟုတ်တာ ဖေဖေထပ်ယူထားတဲ့ မိန်းမရဲ့သား ကိုတော့ကျွန်တော်နဲ့ ချန်ထားခဲ့တယ်နော်......"

ဟုတယ်...အဖေနဲ့ကျွန်တော့်ရဲ့မိထွေးသေသွားပေမယ့် ကျွန်တော်နဲ့လူတယောက်ကတော့ ကျန်နေသေးတာ ပေါ့နော်....အဖေနောက်ထပ်ယူထားတဲ့ မိထွေးရဲ့သား ဆိုတော့ ပြောရရင် ကျွန်တော့်အကိုလို့လည်းပြောရမှာ ပေါ့.....အရင်တုန်းက အဲ့လူကိုအကိုလို့ ခေါ်ချင်တဲ့စိတ် ရှိပေမယ့် သူ့မှာ အကိုတယောက်ရဲ့စိတ်ဆိုတာမရှိဘူး သူတို့သားအမိနှစ်ယောက်အကြောင်းကို ကျွန်တော် တို့သိလာရပေမယ့် အဖေ့ရဲ့ဂုဏ်သိက္ခာထိခိုက်မှာစိုးလို့ ဘာမှ မပြောခဲ့ဘူး......ဒါပေမယ့် သူ့အမေကိုအဖေခွင့် လွှတ်ပေးနိုင်ရင်တောင် ကျွန်တော့်အပေါ်ဆက်ဆံတဲ့ သူ့သားရဲ့အပြုအမူတွေကိုတော့ ကျွန်တော် ခွင့်မလွှတ် နိုင်ဘူး.......

အဆုံးမဲ့ချစ်ခြင်း (Endless Love💗) Z+UniWhere stories live. Discover now