Part-10(Uni)

188 15 0
                                    

နေရောင်ခြည်နုနုလေးက ခန်းစီးလိုက်ကာကိုဖြတ်ပီး ကုတင်ပေါ်မှာ နှစ်ခြိုက်စွာအိပ်ပျော်ကျနေတဲ့ကောင်လေး တယောက်ရဲ့မျက်နှာပြင်ပေါ်ဖြာကျနေတယ်..🌞🌞

ကုတင်ပေါ်က ကောင်လေးကတော့အခုချိန်ထိမထ သေးဘဲ အိပ်နေတာတောင် ပြုံးပြုံးလေးနဲ့ အိပ်ပျော်နေချည်ရဲ့........😊😊

Uncle- Kristကျောင်းနောက်ကျတော့မယ် မပီးသေး ဘူးလား...

Krist- ဗျာ.....

Uncle- ဟာ Krist...အသံကလည်း အိပ်ချင်မူးတူးနဲ့ အခုချိန်ထိ မထသေးဘူးလား

Krist- ဦးလေးကလည်းဗျာ... ခဏလေး၅မိနစ်ဘဲ😪

Uncle- ၅မိနစ်လည်းမရဘူး အခုထ... ကျောင်းနောက်ကျတော့မယ်

Krist-ဟာ!!!ဟုတ်သားဘဲ တောက်စ် သေစမ်းကွာ....
ဦးလေးရေ အောက်မှာခဏစောင့်နေ ကျွန်တော်မြန်မြန်လုပ်ပီးဆင်းလာခဲ့မယ်

Uncle- အေအေ အောက်မှာစောင့်နေမယ်မြန်မြန်လုပ် ကြာနေရင် မစောင့်ဘဲ သွားလိုက်မှာနော်....

Krist-ဟုတ်...... 🏃🏃🏃
🚿🚿🚿

5 minutes later,
Krist- ဦးလေးသွားမယ် ပီးပီ

Uncle- ငါနာရီကြည့်ထားတယ် ၅မိနစ်တောင်ကြာတယ် နော်.........😏

Krist- ၅မိနစ်ဘဲဟာကိုဦးလေးကလည်း.... ဒါတောင်မြန်မြန်ပြင်ဆင်ပီးဆင်းလာတာ😒

Uncle- နေစမ်းပါဦး Krist ဒီလောက်ထိနောက်ကျမှနိုး ရအောင်ညကဘာတွေလုပ်နေလို့လဲ????

Krist- hum!!!ဘာမှမလုပ်ပါဘူး ဟို...စာရေးနေတာနဲ့ အိပ်တာနောက်ကျသွားလို့😁

Uncle- ဟွန့်.....ဆင်ခြေကတော့ဟုတ်နေတာဘဲ😏

Krist- ဟီးဟီး...တကယ်ပါဆိုဦးလေးကလည်း သွားရအောင်😄😄😄
{အမှန်တော့ကျွန်တော်ညက အပျော်လွန်နေလို့ အိပ်မပျော်တာပါ....ဒီမနက်အိပ်မက်ထဲမှာတောင် Singကို ထည့်မက်လိုက်သေးတယ် အိပ်မက်ထဲမှာကျွန်တော်က သူ့ရင်ခွင်ထဲမှာ အိပ်နေတာတဲ့😁😁}

----------------------------------------------------------------
Uncle- Krist ...မျက်နှာကဘာလို့ှမှိုရထားတဲ့မျက်နှာလို ဖြစ်နေတာတုံး😏😏

Krist- ဘာမှမဖြစ်ပါဘူး ဦးလေးရာ ဒီနေ့ကရာသီဥတုသာယာတယ်နော်

Uncle- အဲ့ဒါနဲ့ဘာဆိုင်လည်း......

အဆုံးမဲ့ချစ်ခြင်း (Endless Love💗) Z+UniWhere stories live. Discover now