Part-26(Uni)

141 10 0
                                    

မနက်ခင်းစောစောစီးစီး ငှက်ကလေးတွေရဲ့တီတီတာတာ အသံတွေနဲ့အပြိုင် အခန်းထဲက ကောင်လေးနှစ်ယောက်ရဲ့ အသံတွေကိုလည်း အတူကြားနေရတယ်လေ......

'အ!!!ကိုကိုတော်တော့... မလုပ်နဲ့တော့လို့~~~'

'ခဏလေးပါkitရယ့်'
(ဘာသံတွေလည်းဟ😲😲😮)

'မလုပ်ပါနဲ့တော့ဆို... kitမရတော့ဘူးနာနေပီ..'

'မရပါဘူးနော်..လုပ်မှာဘဲ...'

'သူမခံရဘူးဆိုတိုင်း... လုပ်နေတယ်...ကိုကိုအစုတ်ပလုပ်
မလုပ်နဲ့ဆိုမလုပ်နဲ့တော့'

'kitက ကလေးလည်းမဟုဘဲ ဒီလောက်လည်းလုပ်တာကိုဖြစ်နေတယ်😁'

'ဘာဖြစ်တုန်း....တော်ပါတော့ဆို အခုရပ်လို့~~'
(hum!!!!လန့်လာပီ..ဘာတွေတုန်း နားရှက်လာပီနော်😱😱😱)

'kitရယ်..ကိုယ်က ကလိဘဲထိုးတာကို အဲ့လောက်တောင်ယားရလား'

'ယားတာပေါ့လို့....ကလိထိုးတာ မယားဘဲနေမလား
ဗိုက်တွေလည်းရယ်လွန်းလို့နာနေပီ😏'
(aww..ရှင်တို့တွေက ကလိထိုးနေကြတာလား...😂)

'kitကမှ မထတာ..အဲ့တော့ထလာအောင် လုပ်ရတာပေါ့'

'မထရင်လည်း အဲ့လိုနှိုးရလား.....ကောင်းကောင်းမွန်မွန်နှိုးလည်း kitကထမှာဘဲကို😒'

မနက်ခင်းအစောကြီး သူများအိမ်ကိုလာပီး လာနှိုးနေတယ်
နာရီကိုကြည့်တော့၆နာရီတောင်မခွဲသေးဘူး...ဘယ်အချိန်ကထလို့ ဒီလောက်ထိ အစောကြီးလာနှိုးမှန်းမသိဘူး ညကphပြောတော့ ကိုကိုကပြောပါတယ်..မနက်ကျောင်းသွားရင် လာခေါ်မယ်တဲ့...အဲ့တော့ ကျွန်တော်ကလည်း ၈နာရီကျော်လောက်မှ လာခေါ်မယ်ထင်တာပေါ့....အခုတော့ ကြည့်ပါဦး.... အစောကြီးလူကိုယ်တိုင်လာပီး လာနှိုးတယ်..ကျွန်တော်က မထလို့ ကလိထိုးပီးထခိုင်းတယ်တဲ့...ကျွန်တော်က အရင်ကတည်းက ယားတတ်တဲ့အကျင့်ကရှိပါတယ်ဆို သူက ကလိလာထိုးနေတော့ ကျွန်တော့်မှာဘလိုနေရမှန်းမသိကုတင်ပေါ်မှာ တွန့်လိမ်နေတာဘဲ..သူကတော့ကျွန်တော့်ကို ကြည့်ပီး ရယ်နေလိုက်တာများ မပြောချင်ဘူး😑😒

'အဲ့လောက်အထိ မရယ်ပါနဲ့ အူတက်ပီး သေနေဦးမယ် 😏'

ကျွန်တော်လည်းအမြင်ကပ်ကပ်နဲ့ပြောလိုက်တော့ Singက ရယ်တာရပ်ပီး ကုတင်ပေါ်ကိုအလန့်တကြားနဲ့ ထိုင်ချလာတယ်

အဆုံးမဲ့ချစ်ခြင်း (Endless Love💗) Z+UniWhere stories live. Discover now