Part-22(Uni)

175 12 0
                                    

ကျွန်တော်အခုချိန်မှာ ပြောမပြတတ်အောင်ကို ပျော်ရွှင်နေမိတယ်...အချစ်..??? အချစ်ဆိုတာကို ကျွန်တော့်ရင်ခွင်ထဲမှာရှိနေတဲ့ကောင်လေးကြောင့် သိခဲ့ရ တယ် သူ့ရဲ့အပြုံးကိုမြင်ရရင်ဘဲ ကျွန်တော်ဘဝတခု လုံး ပြည့်စုံသလိုခံစားရတယ်..လူတယောက်ကိုချစ်မိပီဆိုရင် သူ့ကိုပိုင်ဆိုင်ချင်လာတာဟာသဘာဝပါ...
ကျွန်တော်လည်းအတူတူဘဲ..ကျွန်တော်ချစ်တဲ့သူကို ပိုင်ဆိုင်ချင်တာဘဲလေ..အခုတော့ ကျွန်တော်ချစ်တဲ့ kitဆီက ကျွန်တော့်ကိုချစ်တယ်ဆိုတဲ့အဖြေကို ကြားခဲ့ရပီ..kitရဲ့နှလုံးသားကို ကျွန်တော်ပိုင်ဆိုင်ခွင့်ရခဲ့ပီ
ကျွန်တော့်ရဲ့first kissကိုကျွန်တော်အရမ်းချစ်တဲ့ကိုပေးခွင့်ရလို့လည်းကျေနပ်မိတယ်.....ကျွန်တော် kitရဲ့နီရဲနေတဲ့နှုတ်ခမ်းဖောင်းဖောင်းအိအိလေးကိုနမ်းခွင့်ရတဲ့အတွက် ကမ္ဘာပေါ်မှာ ကျွန်တော်ကကံအကောင်းဆုံး လူသားလို့ထင်မိတယ်😊😊အခုချိန်မှာ ကျွန်တော်ကအပျော်ရွှင်ဆုံးလူသားတယောက်လို့ပြောရင်လည်းမမှားနိုင်ဘူး😌😌

ညဘက်အပြင်မှာ ကမ်းခြေလိုနေရာမျိုးက ပင်လယ်လေတွေတိုက်ပီး ချမ်းအေးနေမှာဘဲလို့ထင်ကြမှာပေါ့နော် ဒါပေမယ့် ကျွန်တော့်အတွက်တော့ အဲ့လိုမဖြစ်နေပါဘူး....ဘာလို့လဲသိလား.???? ကျွန်တော့်အတွက်ဆိုရင် အမြဲတမ်း နွေးထွေးမှုတွေပေးနေတဲ့ ရင်ခွင်ကျယ်ကြီးရှိနေတယ်လေ...ဘလောက်ဘဲ အေးတဲ့ နေရာဖြစ်နေပါစေ...Singရဲ့ရင်ခွင်ထဲမှာ ခိုလှုံနေရရင် ကျွန်တော်အမြဲတမ်းနွေးထွေးမှုကိုခံစားနေရမှာပါ...
အခုလိုပြောတာ ပိုတယ်လို့ ထင်ကြမလား...ထင်လည်းကိစ္စမရှိပါဘူး...ကိုယ်တကယ်ချစ်တဲ့ချစ်သူနဲ့ အတူနေရတဲ့အချိန်ဆိုရင် ဒီလိုခံစားချက်မျိုးက ရှိမှာဘဲလေ😇😇😇

"Kit...အေးနေပီမလား...နေမကောင်းဖြစ်နေဦးမယ်"

ကျွန်တော့်ရဲ့Singကတော့ ကျွန်တော့်ကိုစိတ်ပူနေပါပီ...သူငယ်ချင်းလို အချိန်တုန်းကတောင် သူ ကျွန်တော်ကိုအရမ်းစိတ်ပူတာ...အခုလိုချစ်သူဖြစ်သွားတဲ့အချိန်ဆို ကျွန်တော့်အတွက်ဘလောက်များစိတ်ပူ လဲမသိဘူး...😅😅

"အေးပါဘူး..ဒီတိုင်းလေးနေရတာကောင်းတယ်"

Aww..သူလေးအေးမှာစိုးလို့ စိတ်ပူပါတယ်ဆို သူကမအေးဘူးလို့ပြောတဲ့အပြင် ကျွန်တော့်ကိုတောင်ပိုတိုး ပီးဖက်လိုက်သေးတယ်...လူလည်လေး😄

အဆုံးမဲ့ချစ်ခြင်း (Endless Love💗) Z+UniWhere stories live. Discover now