Part-41(💛💛)

597 29 0
                                    

နေ့အချိန် အပြင်ဘက်မှာ လင်းနေပေမယ့် အိမ်တအိမ်ရဲ့ အခန်းတစ်ခုမှာတော့ ညအချိန် ရောက်နေတယ်လို့ ထင်မှတ်ရလောက်အောင် မှောင်မဲနေတဲ့အပြင် အခန်းထောင့်တနေရာမှာ စိုစွတ်ပူနွေးနေဆဲဖြစ်တဲ့ မျက်ရည်တွေနဲ့ စိတ်ပျက်အားလျော့စွာ ထိုင်နေတဲ့ ကောင်လေးတယောက်ရှိနေခဲ့သည်.......

ထိုကောင်လေးရဲ့ ပါးပြင်ပေါ် မျက်ရည်တစ်စက်ကျလာတိုင်း ကောင်လေးရဲ့နှလုံးသားကလည်း အပ်နဲ့ထိုးဆွသလို ခံစားနာကျင်နေရတယ်ဆိုတာ ငိုကြွေးနေတဲ့ ကောင်လေးကလွဲလို့ ဘသူကမှ မသိနိုင်ခဲ့ပါဘူး.....

လူသားနှစ်ယောက် တကယ်ချစ်မြတ်နိုးလို့ ချစ်သူတွေဖြစ်လာတဲ့အခါ တယောက်ကိုတယောက်ယုံကြည်မှုတွေက ပိုပြီးလိုအပ်လာတယ်... လိုအပ်ချက်တွေ အားနည်းချက်တွေကို နားလည်ကူညီပေးပြီး ဘလိုအခက်အခဲမဆို အတူတူရင်ဆိုင်သွားဖို့က ချစ်သူနှစ်ဦးကြားမှာ အရမ်းကိုအရေးပါတယ်.....

ဒါပေမယ့်...အခု သူကရော?????

သူ့ချစ်သူအတွက် သူကယုံကြည်နိုင်လောက်တဲ့ သူမဟုတ်ခဲ့ဘူးလား....သူယုံကြည်ခဲ့တယ် သူ့ချစ်သူလို ဖြူစင်တဲ့သူတယောက်က သူ့ကိုဘယ်အရာကိုမှ ဖုံးကွယ်ထားမှာမဟုဘူးဆိုတာ
အခုတော့ သူယုံကြည်မှုတွေက...........

Flash back....

Kitကို သူပြန်လိုက်ပို့ဖို့ လုပ်ပေမယ့် သူ့ချစ်သူလေးက လိုက်မပို့နဲ့တော့ သူ့ဦးလေးဆီသွားဖို့ရှိတယ်ဆိုလို့ သူမလိုက်ပို့ခဲ့ရဘူး....ချစ်သူဆိုပေမယ့်လည်း သူ့ချစ်သူက မလိုက်ပို့နဲ့ဆိုတော့ သူလည်း အတင်းအကြပ်ကြီး ပြောရင် kitသူ့အပေါ်စိတ်ငြိုငြင်သွားမှာစိုးတဲ့အတွက် ဘာမှပြောမနေတော့ဘဲအိမ်ကိုဘဲပြန်လာခဲ့လိုက်တယ်...
ဒါပေမယ့် ပြန်လာတဲ့လမ်းတစ်လျှောက်လုံးသူ့မှ kitကိုစိတ်မချဖြစ်နေရသေးတယ်....ဦးလေးဆီကိုရော ကောင်းကောင်းမွန်မွန်ရောက်ပါ့မလား ဆိုပြီးတော့တွေးပူနေရင်းနဲ့ဘဲ သူ့အိမ်ကိုပြန်ရောက်လာခဲ့တယ်....

အိမ်ပြန်ရောက်တော့ ကျောင်းအင်္ကျီကိုချွတ်ကာ ရေချိုးခန်းထဲဝင်ပြီး ရေချိုးလိုက်တော့ လူကနဲနဲလန်းသွားသလိုခံစားရတယ်
🚿🚿🚿🚿
သူရေချိုးပြီးတာ အင်္ကျီဘောင်းဘီဝတ်ကာ အိမ်ရှေ့ထွက်လာတဲ့အခါ အိမ်ရှေ့မှာ သူ့အကိုနဲ့စကားပြောနေတဲ့ Pinkကိုတွေ့တယ်....

အဆုံးမဲ့ချစ်ခြင်း (Endless Love💗) Z+UniWhere stories live. Discover now